Pages

Wednesday, May 29, 2013

လားရှိုးမြို့ ဖြစ်စဉ်များ နှင့်ယနေ့နောက်ဆုံးရသတင်း

လားရှိုးမြို့ရှိ မြို့မ ဗလီ နှင့် အစ္စလာမ်ဘာသာဝင်မိဘမဲ ကျောင်း တို့အား ဘာသာရေး ပဋိပက္ခများကြောင့် မီးရှိုကြ


လားရှိုးမြို့ ရဲစခန်းရှေ့မြင်းကွင်း
လားရှိုးမြို့ တွင် မေလ 28 ရက်နေ့ နေ့လည် ၃ နာရီ ၀န်းကျင်ခန့်တွင် ဓါတ်ဆီရောင်းနေသော အမျိုးသမီးငယ်လေး အား အစ္စလာမ်ဘာသာဝင်တစ်ဦးမှ ဓါတ်ဆီဝယ်ယူရာတွင် ဓါတ်ဆီမပြည့်ကြောင်း ပြောပြီး ဆီဘူး နှစ်ဘူးအား အမျိုးသမီးငယ်လေး ကိုယ်ပေါ်သို့ လောင်းထည့်ပြီး အသင့်ပါလာသော မီးခြစ် ဖြင့် ရှိုးခဲ့ခြင်းကြောင့် အမျိုးသမီးလေးမှာ ဆေးရုံသို့ တက်ရောက်ဆေးကုသနေရပြီး အစ္စလာမ်ဘာသာဝင် အမျိုးသားအား သက်ဆိုင်ရာ ရဲစခန်းမှ ဖမ်းဆီးစစ်ဆေးနေကြောင်း လားရှိုးမြို့ခံ တစ်ဦးက ပြောသည်။
အဆိုပါ ပြဿနာမှ အစပြုခဲ့ပြီး ညပိုင်းအချိန်တွင် မြို့လူငယ်များမှ မြို့မ ဗလီအား မီးရှိုးခြင်းများ ပြု လုပ်ခဲ့ကြပြီး ၊အစ္စလာမ်ဘာသာဝင် မိဘမဲ့ စာသင်ကျောင်းကိုလည်း မီးရှို့ခဲ့ကြသဖြင့် ဗလီဘေးရှိ ဆိုင်ခန်းများ မီးလောင်ကြွမ်းမှုများဖြစ်ပေါ်နေကြောင်း မေလ ၂၈ ရက်နေ့ ည ကိုးနာရီအချိန်ခန့် တွင် အခင်းဖြစ်ပွားရာနေရာသို့ သတင်းသွားရောက်ယူနေသော လားရှိုးမြို့ဒေသခံ သတင်းထောက်တစ်ဦးကပြောကြားခဲ့သဖြင့် သိရသည်။

ထွက်ပေါ်နေသော သတင်းများအရ အမျိုးသမီးမှာ မီး၇ှိုးသူ နှင့် ဘာမှ သက်ဆိုင်ခြင်းမ ရှိကြောင်း နှင့် မီး၇ှို့သူမှာ စိတ်ရောဂါ ဝေဒနာခံစားနေရသူဖြစ်ကြောင်း ဆက်လက် ဆက်သွယ်မေးမြန်မှုအရ သိရသည်။

မြို့ပေါ်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအပြင် စစ်တပ်ကလည်း လုံခြုံရေးတာဝန်ယူနေရကြောင်း မြို့ ခံများက ပြောသည်။
========================================
                         လားရှိုးမြို့ နောက်ဆုံးရသတင်း

လားရှိုးမြို့တွင် စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင်များ ပြည်သူများအတွက် လုံခြုံရေးကောင်းကောင်းပေး ထားသည့်အတွက် ကျေနပ်နေကြကြောင်း ယနေ့ နံနက် 10 နာရီအချိန်တွင် ဆက်သွယ်မေးမြန်း ချက်အရသိရသည်။

မနေ့ညက ရှိုးခဲ့သော မီးကြောင့် မြိုမဗလီ နှင့် ဆိုင်ခန်းများ မီးရှိုခံရခြင်း၊ နာမည်ကြီး အစ္စလာမ်ဘာသာဝင် အချို့အိမ်များ ဖျက်ဆီးခံခဲ့ရမှုများရှိခဲ့ပြီး ယနေ့ နံနက် 1 နာရီ ၄၅ မိနစ် အချိန် တွင် မီးလောင်မှုများအား ငြိမ်းသတ်နိုင်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံတစ်ဦးကပြောသည်။

ယနေ့ နံနက်အချိန်တွင် မြို့မဈေး ပတ်လည်ရှိ ဆိုင်ခန်းများ မှာ စိုးရိမ်မှုများကြောင့် ဆိုင်များပိတ် ထားသော်လည်း အခြားနေရာများရှိဆိုင်ခန်းများမှာပုံမှန်အနေအထားအတိုင်း အရောင်း အ၀ယ်လုပ်နေ ကြကြောင်း လားရှိုးမြို့ ဒေသခံ သတင်းထောက်တစ်ဦးကပြောသည်

Sithu Lwin(Mandalay) ၏Facebook စာမျက်နှာမှ