Pages

Thursday, May 23, 2013

မြန်မာသံရုံး တိုက်ခိုက်ရန် ကြံစည်မှု ကြိုးကိုင်သူ အင်ဒိုရဲ ဖမ်းဆီးရမိ

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ မြန်မာသံရုံးသို့ ဆန္ဒပြသူများ မလာမီ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးပေးရန် ၂၀၁၃ ခုနှစ်၊ မေလ ၃ ရက်နေ့က ရောက်ရှိလာကြစဉ်။ (ဓာတ်ပုံ - AFP)
  ဂျာကာတာမြို့ရှိ မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင် ကြိုးကိုင် စီစဉ်သူဟု
ယူဆရသူတဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ညတွင် ဖမ်းဆီးရမိလိုက်သည်။ ည ၈ နာရီခွဲအချိန်က ဂျာကာတာမြို့တော် မြောက်ပိုင်း၌ ဖမ်းဆီးရမိသူ ဆီဂျစ် ဆိုသူမှာ ရဲက အလိုရှိနေသူ တဦးလည်းဖြစ်ပြီး မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင် ဦးဆောင်သူ တဦးအဖြစ်လည်း သံသယရှိ ထားသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဘွိုင် ရဖ်လီ အမားရ် အား ကိုးကား၍ အေပီ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။ ---