Pages
▼
ဂျီဟဒ် ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး မီဒီယာများအပေါ်ဦးရဲထွဋ် ၏တိုက်တွန်းချက်
ပြည်တွင်းက
ပုံနှိပ်မီဒီယာမီဒီယာအချို့နဲ့ အင်တာနက်မီဒီယာများမှာ ပြည်ပနိုင်ငံများက
အစ္စလမ် စစ်သွေးကြွဝါဒီအချို့က မြန်မာနိုင်ငံအပေါ် ဂျီဟဒ်စစ်ပွဲဆင်နွဲဖို့
ပြောဆိုချက်များကို ကျယ်ကျယ် ပြန့်ပြန့်ဖော်ပြခဲ့တာတွေ့ရပါတယ်။
ဂျီဟဒ်စစ်ပွဲဆင်နွဲမယ်လို့ ပြောနေတဲ့ ပြည်ပက အစွန်းရောက်ဝါဒီများရဲ့
ပြောဆိုချက် ၊ လုပ်ဆောင်ချက်များဟာ မြန်မာနိုင်ငံအတွင်းမှာ
အေးချမ်းစွာနေထိုင်လိုတဲ့ အစ္စလမ် ဘာသာဝင်များရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်။ ဒီလိုပြောဆိုမှုများဟာ အစ္စလမ်ဘာသာ အပေါ် နားလည်မှုလွဲမှားစေနိုင်တဲ့အတွက်
ကျွန်တော်တို့အားလုံး ကြိုးပမ်းဆောင်ရွက်နေတဲ့ မတူကွဲပြားတဲ့
လူမှုအဖွဲ့အစည်းများ နားလည်မှုတည်ဆောက် ရေး၊ ငြိမ်းချမ်းစွာ၊
သဟဇာတဖြစ်စွာနေထိုင်နိုင်ရေး
လှုပ်ရှားမှုများကိုလည်း ထိခိုက်စေပါတယ်။
ဒီလို ပြောဆိုတိုက်တွန်းချက်များဟာ လူ့အသိုင်းအ၀န်းနှစ်ခုကြားမှာ
သံသယတွေပိုမိုများပြားလာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်တာလည်း
ဖြစ်နိုင်တဲ့ အတွက် ကျွန်တော်တို့အားလုံးက သတိရှိရှိနဲ့
တုန့်ပြန်ဖို့လိုပါတယ်။
မီဒီယာများအနေနဲ့
ဒီလိုပြောဆိုချက်များကို သတင်းရေးသားတဲ့အခါမှာလည်း ဗုဒ္ဓဘာသာ ၀င်တွေကြားမှာ
ထိတ်လန့်မှုတွေ၊ သံသယတွေပိုများလာအောင် ရေးသားတာမျိုးမဖြစ်စေရန်
သတိထားသင့်ပါတယ်။
အဲဒီလိုပြောဆိုမှုတွေကို
သက်ဆိုင်ရာနိုင်ငံအစိုးရများက လက်မခံဘူးဆိုတာလည်း သတိပြု စေလိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလမ်ဘာသာရေးအဖွဲ့
အစည်းများရဲ့ခေါင်းဆောင်များရဲ့ ဒီလိုအကြမ်းဖက်တဲ့အယူအဆများအပေါ် သဘောထား ကိုလည်း မေးမြန်းဖော်ပြပေးနိုင်ရင် ပိုသင့်တော်မယ်လို့ ထင်ပါတယ်။
အခုလို ထိလွယ်ရှလွယ်တဲ့အခြေအနေမျိုးမှာ
ပုံနှိပ်မီဒီယာများရော၊ အင်တာနက်မီဒီယာ များက ပါ Conflict Sensitive
Journalism သဘောတရားလေးကို နှလုံးသွင်းထားသင့်ကြောင်း မေတ္တာ
ရပ်ခံတိုက်တွန်းအပ်ပါတယ်။
Ye Htut(Facebook)