Pages

Sunday, May 26, 2013

မြန်မာ အမျိုးသမီးဘောလုံးအသင်း အာရှဖလား ခြေစစ်ပွဲအောင်

Photo-We Love True

၂၀၁၄ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအုပ်စု(ဃ) နောက်ဆုံး ပွဲစဉ်များကို ပါလက်စတိုင်းနိုင်ငံတွင် ကစားခဲ့ရာ မြန်မာအသင်းသည် တရုတ်(တိုင်ပေ) အသင်းကို ဂိုးမရှိ သရေကစားခဲ့ပြီး အုပ်စုဗိုလ်ဖြင့် ခြေစစ်ပွဲ အောင်သွားခဲ့ပြီဖြစ်သည်။

မြန်မာအသင်းနှင့် အတူ အုပ်စု (ခ) မှ ထိုင်းအသင်းလည်း ခြေစစ်ပွဲအောင်ခဲ့ပြိး ၂၀၁၄ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည်ဖြစ်သော နောက်ဆုံအဆင့် ပြိုင်ပွဲတွင် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ သြစတြေးလျ အသင်းတို့နှင့်အတူ ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်သည်။























Photo-We Love True