Pages

Thursday, May 30, 2013

မေ (၂၉ )လားရှိုးမြို့ ပဋိပက္ခ စုစည်းမှု

 
လားရှိုးမြို့ အခြေအနေ မေလ ၂၉ ရက် မြန်မာစံတော်ချိန် ညနေ ၇ နာရီ ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ် ပြောကြားချက်

"ညနေ နှစ်နာရီကျော်မှ လားရှိုးမြို့ နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ ကနဦး သတင်းအများအရ ဒဏ်ရာရရှိသူ လေးဦး၊ သေဆုံးသူ တစ်ဦးရှိကြောင်း သိရှိရပါတယ်။ ပြည်နယ် ၀န်ကြီးချုပ်နဲ့ ပြည်ထဲရေး ဒုတိယ၀န်ကြီးလည်း လားရှိုးမြို့ ကို ရောက်ရှိနေပါတယ်။ ရဲတပ်ဖွဲ့ကလည်း သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရတယ်လို့လည်း သိရပါတယ်။"

 
   ဓါတ်ပုံ - လားရှိုးမြို့ မေလ ၂၉ ရက် နေ့လည်ပိုင်းမြင်ကွင်း (အိမ်ခိုင်မြဲ)
--------------------------------------------------------------------------------------
လားရှိုးသတင်းယူနေသည့် အလွတ်သတင်းသမား ၂ ဦး တိုက်ခိုက်ခံရ

May 29, 2013 5:54pm
လားရှိုးမြို့ ပဋိပက္ခတွေထဲမှာ သတင်းရယူနေတဲ့ လားရှိုးမြို့ခံ အလွတ်တန်းသတင်းထောက် နှစ်ဦး ဒေါသထွက်နေတဲ့ လူအုပ်ကြီးရဲ့ ရိုက်နှက်တာ ခံရပြီး ကင်မရာထဲက မန်မိုရီကတ်တွေလည်း သိမ်းဆည်းခံလိုက်ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရိုက်နှက်ခံခဲ့ရတဲ့ လားရှိုးမြို့ခံ အလွတ်တန်း သတင်းထောက်တစ်ဦးက ဒီဗွီဘီကို အခုလို ပြောပြထားပါတယ်။





နန်းမြနဒီ-DVB - ၂၉ မေ ၂၀၁၃


လားရှိုးမြို့ မီးရှို့မှုတွေနဲ့ ပဋိပက္ခတွေအကြောင်း လိုက်လံသတင်းရိုက်ယူနေတဲ့ အိုင်စီဂျေ အလွတ်သတင်းသမား ၂ ဦးကို ဒေါသထွက်နေတဲ့ လူအုပ်စုတစ်စုက လာရောက် ရိုက်နှက်သွားတဲ့အတွက် ဦးခေါင်းနဲ့နောက်ကျောဘက်တွေမှာ ဒဏ်ရာရ သွားပါတယ်။

လားရှိုးမြို့ (၇) ရပ်ကွက် အနီးနားမှာ စားသောက်ဆိုင်တခုကို ဖျက်ဆီးနေတဲ့ သတင်းယူနေစဉ် ဒီကနေ့ညနေပိုင်းက အရိုက်ခံရ တာဖြစ်ပါတယ်။

အရိုက်ခံရတဲ့ အိုင်စီဂျေသတင်းသမားက “ကျနော်ကိုယ်တိုင် အရိုက်ခံရတယ်။ ခေါင်းကွဲသွားတယ်။ ရပ်ကွက် ၇ ထဲမှာပါ။ ကျနော်နဲ့အတူပါလာတဲ့သူက ကျောကုန်းမှာ အရိုက်ခံရတယ်။ ကျနော်တို့ ကင်မရာကို ဘေးမှာလွယ်ပြီး အခြေအနေကို ကြည့်နေတဲ့အချိန်မှာ ဆိုင်ကယ်အုပ်လိုက်ကြီးက လာတယ်။ ပြီးတော့ ပြေးဆင်းလာပြီး ကျနော့်ကင်မရာကို ဆွဲယူတယ်။ ကျနော့်ဘေးက သူငယ်ချင်းရဲ့ ကင်မရာကို ဆွဲယူတယ်။ မင်းတို့က မှတ်တမ်းရိုက်တာလားဆိုပြီး ဆွဲယူတော့ မဟုတ်ပါဘူးဆိုပြီးပြောတယ်။ အဲမှ ကင်မရာပေးဆိုပြီး ယူတယ်။ ကျနော်တို့က ကင်မရာတော့ မယူနဲ့၊ Memory Card မန်မိုရီကတ်ပဲ ယူသွားပါဆိုပြီး ကတ်တွေ ထုတ်ပေးလိုက်တယ်။” လို့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်ကို ပြန်ပြောပြပါတယ်။

လားရှိုးမြို့မှာ အစိုးရက ပုဒ်မ ၁၄၄ ထုတ်ထားပေမယ့် အခြေအနေက ဆိုးဝါးနေဆဲပဲလို့ ဆိုပါတယ်။

“လူအုပ်ကြီးက ဆိုင်ကယ်တွေ၊ ကားတွေ၊ သုံးဘီးတွေနဲ့ သွားနေတော့ ဒီဘက်မှာ လုံခြုံရေးချလိုက်ရင် ဟိုဘက်ကို သွားတယ်။ ဟိုဘက်မှာ လုံခြုံရေး ချလိုက်ရင် ဒီဘက်ကိုသွားတယ်။ ဟိုရွှေ့လိုက်ဒီရွှေ့လိုက် ဖြစ်နေတယ်။”

မနေ့ညနေက အမျိုးသမီးတဦး ဓာတ်ဆီလောင်းမီးရှို့ခံရမှုကစခဲ့တဲ့ ပဋိပက္ခဟာ ညက ဘာသာရေးအဆောက်အဦ နဲ့ စာသင်ကျောင်း မီးရှိ့ခံခဲ့ရပြီး ဒီကနေ့ ရုပ်ရှင်ရုံနဲ့ စားသောက်ဆိုင်တွေအပါအ၀င် အဆောက်အဦတွေကို လိုက်လံမီးရှိ့မှုတွေ ဆက်လက်ဖြစ်ပွား နေပါတယ်။ လားရှိုးမြို့မှာ သတင်းလိုက်နေတဲ့ တခြားသတင်းဌာနတွေက သတင်းထောက်တွေ တိုက်ခိုက်ခံရတဲ့သတင်းကတော့ မကြားသိ ရသေးပါဘူး။

--------------------------------------------------------------------------------------------
 Published on May 29, 2013 by နန်းမြနဒီ  
လားရှိုးအာဏာပိုင်တွေက ပုဒ်မ ၁၄၄ အရေးပေါ်အခြေအနေတွေ   ကြေညာထားပေမယ့်လည်း 
ဒီနေ့ မွန်းလွဲပိုင်းကစပြီး လူအုပ်စုတစုက ရုပ်ရှင်ရုံနဲ့ စားသောက်ဆိုင်တွေ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
မျက်မြင်ဒေသခံတဦးက “လူအုပ်ကြီး ဆိုင်ကယ်တွေ၊ သုံးဘီးတွေနဲ့ ရွေ့လျားသွားနေတော့ ဟိုဘက်လုံခြုံရေးချ ဒီဘက်သွား၊ ဒီဘက်ချ ဟိုသွားနဲ့ ဟိုရွေ့ဒီရွေ့ဖြစ်နေတယ်။ ရုပ်ရှင်ရုံကို ခဲနဲ့ထုတယ်၊ ကျက်တန်းတခုက စားသောက်ဆိုင်တွေကို ဖျက်တယ်၊ သာရေးနာရေးကားတွေကို မီးရှို့လိုက်တယ်” လို့ ပြောပါတယ်။
မီးရှို့ဖျက်ဆီးမှုတွေကို သတင်းရယူနေတဲ့ အိုင်စီဂျေ သတင်းထောက် ၂ ဦး လည်း ၇ ရပ်ကွက်ထဲမှာ လူအုပ်စုတစုရဲ့ ရိုက်နှက်တာ ခံခဲ့ရပါတယ်။
အိုင်စီဂျေသတင်းသမားက “ကျနော်ကိုယ်တိုင် အရိုက်ခံရတယ်။ ခေါင်းကွဲသွားတယ်။ ရပ်ကွက် ၇ ထဲမှာပါ။ ကျနော်နဲ့အတူပါလာတဲ့သူက ကျောကုန်းမှာ အရိုက်ခံရတယ်။ ကျနော်တို့ ကင်မရာကို ဘေးမှာလွယ်ပြီး အခြေအနေကို ကြည့်နေတဲ့အချိန်မှာ ဆိုင်ကယ်အုပ်လိုက်ကြီးက လာတယ်။ ပြီးတော့ ပြေးဆင်းလာပြီး ကျနော့်ကင်မရာကို ဆွဲယူတယ်။ ကျနော့်ဘေးက သူငယ်ချင်းရဲ့ ကင်မရာကို ဆွဲယူတယ်။ မင်းတို့က မှတ်တမ်းရိုက်တာလားဆိုပြီး ဆွဲယူတော့ မဟုတ်ပါဘူးဆိုပြီးပြောတယ်။ အဲမှ ကင်မရာပေးဆိုပြီး ယူတယ်။ ကျနော်တို့က ကင်မရာတော့ မယူနဲ့၊ Memory Card မန်မိုရီကတ်ပဲ ယူသွားပါဆိုပြီး ကတ်တွေ ထုတ်ပေးလိုက်တယ်။”
ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ  လားရှိုးမြို့ခံ ဦးစိုင်းမြင့်မောင်ကလည်း ဒီနေ့မွန်းလွဲပိုင်းက စပြီး ဆူပူမှုတွေ ထပ်ဖြစ်ကြောင်း၊ ၂ ရပ်ကွက်ထဲက သီတာအေး ရုပ်ရှင်ရုံအတွင်းပိုင်း မီးလောင်ပြီး အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ ၇ ရပ်ကွက်ထဲမှာ ဈေးဆိုင်ဖျက်ဆီးမှုတွေရှိတယ်လို့ ပြောပါတယ်။
 
“ဒီနေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်လောက်စ ထပ်ဖြစ်တယ်။ သီတာအေးရုပ်ရှင်ရုံ ၁ ရုံကို မီးရှို့တယ်။ အတွင်းဘက် လောင်တယ် ပြောတယ်။ အပြင်ဘက် ဆိုင်တန်းတွေ ရှို့တယ်။ ပိုင်ရှင်က ပန်းသေးဗျ။ နောက် ရပ်ကွက် ၇ ထဲက ဗလီတခုဆီ သွားတယ်ပြောတယ်။ ဖျက်သလား၊ မဖျက်သလား မသိဘူး။ ကျနော်သိသလောက်ဆို ရပ်ကွက်ကလူတွေ ဦးဆောင်တာ မဟုတ်ဘူး။ ဦးဆောင်သူတွေက ဒီမြို့မှာ မျက်မှန်းတန်းမိနေသူတွေ မဟုတ်ဘူးလို့လည်း ပြောတယ်။”
မေ ၂၈ ရက်နေ့ ညနေပိုင်းက ၈ ရပ်ကွက်ထဲမှာ  ဦးနေ၀င်းဆိုသူက ဓာတ်ဆီရောင်းသူ ဒေါ်အေးအေးဝင်းကို ဓာတ်ဆီနဲ့ ပက်ပြီး မီးရှို့ခဲ့ရာက လူအုပ်စုကြား မကျေနပ်မှုတွေ ဖြစ်ပွားပြီး  ၂၊ ၃၊ ၇ နဲ့ ၉ ရပ်ကွက်တွေက  ဗလီတခု၊ မိဘမဲ့ကျောင်းတကျောင်း၊ ဗလီဆရာသင်တန်းကျောင်းတကျောင်း  မီးရှို့ခံရပြီး ဈေးဆိုင်ပေါင်း အနည်းဆုံး ၁၀ ဆိုင်နဲ့ နေအိမ် ၃ လုံး ဖျက်ဆီးခံခဲ့ရပါတယ်။
မီးရှို့ခံရသူ ဒေါ်အေးအေးဝင်းကို မြို့ခံတွေက လားရှိုးဆေးရုံမှာ ပို့ဆောင်ကုသထားပြီး ဦးနေ၀င်းကိုတော့ အမှတ် ၁ မြို့မရဲစခန်းက  အရေးယူထားပြီး လုံခြုံရေးတွေလည်း တိုးမြှင့်ချထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ဥက္ကဋ္ဌ ဦးညွန့်မောင်ရှိန်ကတော့ ပဋိပက္ခဖြစ်ပျက်မှုတွေက ဘူးသီးတောင်၊ မောင်တောတွေလိုပဲ တပုံစံတည်းလို ဖြစ်နေတာ မကောင်းကြောင်းနဲ့ လူ ၂ ဦးချင်း ဖြစ်တဲ့ပြဿနာကို တရားဥပဒေနဲ့သာ ဖြေရှင်းသင့်ပြီး အများပြည်သူပိုင်ပစ္စည်းတွေ မဖျက်ဆီးသင့်ဘူးလို့ ပြောပါတယ်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဗုဒ္ဓဘာသာသံဃာတော်တွေ၊ အစ္စလမ်ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒီနေ့ မွန်းလွဲပိုင်းက လားရှိုးမြို့တော်ခန်းမမှာ တွေ့ဆုံဆွေးနွေးပြီး ပဋိပက္ခဖြစ်ပွားမှုဟာ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့အကြောင်းတွေ ရှင်းလင်းပြောကြားခဲ့ပါတယ်။ 

              ပဋိပက္ခဖန်‌တီးမှုများ ကြိုတင်‌ကာကွယ်‌တားဆီး‌ရေး အ‌ရေး‌ပေါ်စည်းဝေး 
လားရှိုးမြို့မှာဖြစ်‌ပွားတဲ့ ပဋိပက္ခ‌တွေနဲ့ပတ်‌သက်‌ပြီး ကျင်းပတဲ့ ပဋိပက္ခဖန်‌တီးမှုများ ကြိုတင်‌ကာကွယ်‌ တားဆီး‌ရေး ‌ကော်‌မတီရဲ့ အ‌ရေး‌ပေါ်အစည်းအ‌ဝေးကို ‌မေလ ၂၉ ရက်‌‌နေ့ မွန်းလွဲ ၂ နာရီက မန္တ‌လေး Oriental House မှာကျင်းပပါတယ်‌။ လာရှိုးမြို့ကို သွား‌ရောက်‌ပြီး စာနာကူညီပြီး ပဋိပက္ခချုပ်‌ငြိမ်းဖို့ ‌ဖျောင်းဖျ‌ပြောဆိုဖို့ ဂဠုန်‌နီဆရာ‌တော်‌က တိုက်‌တွန်း နှိုး‌ဆော်‌မိန့်‌ကြားပါတယ်‌။
။DVB (Mandalay