Pages

Thursday, May 2, 2013

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ထောင်ဒဏ်ကိုရွေးချယ်

"ဒဏ်ငွေ ၂ သောင်းတော့ မဆောင်ပါ၊ ထောင် ၃ လ ကျခံဖို့ဘဲ ရွေးချယ်လိုက်ပါတယ်"
ဦးနေမျိုးဇင်ကို အကြည်ညိုပျက်စေမှုဖြင့် ပြစ်ဒဏ်ချ
( ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေမျိုးဇင်ကို ယနေ့ နေ့လယ်ပိုင်းက ပန်းတနော် မြို့နယ် တရားရုံးက ပုဒ်မ ၅၀၀ နှင့် တရား စွဲဆိုထားမှုအပေါ် ဒဏ်ငွေ ၂ သောင်း သို့မဟုတ် ထောင်ဒဏ် ၃ လ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

"ဒဏ်ငွေ ၂ သောင်းတော့ မဆောင်ပါ၊ ထောင် ၃ လ ကျခံဖို့ဘဲ ရွေးချယ်လိုက်ပါတယ်" လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဧရာဝတီကို ပြောပါတယ်။

အခုလို ဦးနေမျိုးဇင်က ထောင်ဒဏ်ကိုသာ ရွေးချယ်လိုက်ပေမယ့် အပြီးသတ် ဘယ်လို အမိန့်ချမလဲ ဆိုတာနဲ့ပတ်သက်လို့တော့ တရားသူကြီးတွေက ရုံးခန်းထဲ ခတ္တ ပြန်ဝင်သွားတဲ့အတွက် မသိရသေးပါဘူး။

မကြာသေးမီက ပန်းတနော်မြို့နယ်က လယ်သမားတွေကို သွားရောက်ကူညီရင်း ဒေသခံ ရဲတပ်ဖွဲ့ က အကြည်ညိုပျက်စေမှု ဆိုတဲ့ ပုဒ်မ ၅၀၀ နဲ့တရားစွဲဆိုထားတာကနေ ဒီကနေ့ အမိန့်ချမှတ်လိုက်တာဖြစ် ပါတယ်။

http://blog.irrawaddy.org/2013/05/blog-post_5315.html