Pages

Saturday, May 25, 2013

နည်းပညာအကူအညီများလိုအပ်ကြောင်းသီလ၀ါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးကော်မတီဥက္ကဌပြောကြား


25.5.2013sw1(1)
ရန်ကုန်၊မေ၂၅။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု သာမက နည်းပညာ အကူအညီကိုပါ ပေးရန်လိုအပ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌဦးဆက်အာင်က မေလ ၂၅ရက်နေ့တွင် ပြုလုပ်သော သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် မြန်မာနိုင်ငံမှ အများပိုင်ကုမ္ပဏီ ကိုးခုစုပေါင်းထားသော ကုမ္ပဏီ တစ်ခုနှင့်င့် ဂျပန်နိုင်ငံမှ ကုမ္ပဏီသုံးခု နားလည်မှုစာချွန်လွှာ ရေးထိုးပွဲတွင် ပြောကြားသည်။
“မြန်မာနိုင်ငံအတွက် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး(HDR)တွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ဘယ်လောက်ပဲ အလုပ်အကိုင် အခွင့်အလမ်းတွေပေးပေး ဒေသခံတွေ လက်လှမ်းမမီတဲ့ ပြသနာတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဘယ်လောက်ကောင်းတဲ့ အလုပ်အကိုင် အခွင့်အလမ်းကိုပေးပေး ကောင်းမွန်စွာ လုပ်နိုင်တဲ့ အလုပ်သမားတွေကို ရနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် HDR အတွက် နည်းပညာ ပေးမယ်ဆိုရင် ဒီလုပ်ငန်းအတွက် ကောင်းမွန်စေမယ့် အချက်ပဲ ဖြစ်ပါတယ်” ဟု ဦးဆက်အောင်က ပြောကြားသည်။
သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုကို လေ့လာဆန်းစစ်(EIA) လုပ်ငန်းများကိုလည်း စတင်လုပ်ကိုင်နေပြီဖြစ်ပြီး သြဂုတ်လတွင် အပြီးသတ်နိုင်ရန်ခန့်မှန်းထားကြောင်း သိရသည်။
ဂျပန်နိုင်ငံကုမ္မဏီဘက်မှ ကိုယ်စားလှယ် တစ်ဦးကလည်း”သဘာဝပတ်ဝန်းကျင် အတွက် (EIA)ကို ကောင်းတဲ့ ရလဒ်ကိုစောစောစီးစီး ရရှိအောင် ကျွန်တော်တို့ဘက်က အားထုတ်သွားမှာပါ” ဟု ပြောကြားသွားသည်။
အဆိုပါ မြန်မာ အများပိုင်ကုမ္မဏီများနှင့် ဂျပန်ကုမ္မဏီသုံးခု နားလည်မှု စာချွန်လွှာ ရေးထိုးပွဲအား သီလဝါ အထူးစီးပွားရေးဇုန်တွင် ယမန်နေ့က မြန်မာနိုင်ငံ သို့ ရောက်ရှိလာသော ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအားဘေးလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆုဝေThe Mynmar Age