Pages

Thursday, May 16, 2013

ပေါက်တော၊စစ်တွေ၊ မောင်တောနဲ့ ကော့စ်ဘဇားတို့တွင် မုန်တိုင်း အခြေအနေ ထူးခြားမူ မရှိသေး။နံနက်၁၁နာရီအထိအခြေအနေ။

 sittwe point
မောင်တောမြို့တွင် နံနက် ၉ နာရီခန့်အချိန်အထိ လေနှင့် မိုးသည်းထန်ခဲ့ပြီး ယခုသတင်းပို့သည့်အချိန် မနက် ၁၁ နာရီဝန်းကျင်တွင်နေသာ လျှက်ရှိကြောင်း မောင်တောမြို့ရောက် 7Day Daily သတင်းထောက်ကသတင်းပေးပို့သည်။

စစ်တွေမြို့တွင် လျှပ်စစ်မီးများကို ယနေ့နံနက် ၁၁ နာရီဖြတ်တောက်ထားပြီးဖြစ်ကြောင်း ယင်းနေရာသို့ရောက်ရှိနေသည့် 7Day Daily သတင်းထောက် က ပေးပို့သည်။
 မြို့၏ ရာသီဥတုမှာ မိုးသည့်ထန်ပြီး လေပြင်းများတိုက်ခတ်နေသည်။

ဘူးသီးတောင်မြို့တွင် မနက်ပိုင်းတွင် မိုးသည်းထန်နေခဲ့ပြီး မနက် ၁၁ နာရီ ခန့်အခြေအနေသည် နေသာနေခဲ့ကြောင်း ဒေသခံများကပြောသည်။
မုန်တိုင်း အဓိက ၀င်ရောက် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထာားသော စစ်တွေ၊ ပေါက်တော၊ မောင်တောနှင့် ဘင်္ဂလာဒေခ်ျ့မှ ကော့စ်ဘဇားတို့တွင် မုန်တိုင်းနှင့် ပတ်သက်ပြီး အခြေအနေ ထူးခြား ပြောင်းလဲမူ မရှိသေးကြောင်း သိရသည်။
sittwe point
ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် စစ်တွေ၊ မောင်တောနှင့် ပေါက်တောမြို့သို့ နိရဉ္စရာမှ ဆက်သွယ် မေးမြန်းရာ မြို့ခံများက ထိုသို့ ပြောကြားသည်။
( ကိုကျော်ကျော်ခိုင်- ပေါက်တော)
-ဒီမှာက လေနည်းတိုက်ပြီး မိုးနည်းနည်းရွာနေတယ်။ အများကြီးတော့ မဟုတ်ဘူး။ ထူးထူးခြားခြားတော့ မရှိသေးပါဘူး။ ပုံမှန်ပါဘဲ။
( ကိုလှမောင်- မောင်တော)
-မောင်တောမှာ အေးအေးဆေးပါဘဲ။ မနက်ကတော့ လေပြင်းနည်းနည်း တိုက်ခတ်ပြီး မိုးနည်းနည်းရွာခဲ့တယ်။ အခုတော့ မိုးရွာတာလည်း ရပ်သွားတယ်။ လေပြင်းတိုက်ခတ်တာလည်း မရှိတော့ဘူး။ ပုံမှန် အခြေအနေ ရှိနေပါတယ်။
( ဦးစံကျော်လှ- စစ်တွေ)
-ဘာမှ ပြောင်းလဲမူ မရှိဘူး။ ပုံမှန်ဘဲ ရှိနေပါသေးတယ်။
(ကိုရွှေလိုင်- ကော့စ်ဘဇား- ဖလောင်းချိတ်)
မုန်တိုင်း မ၀င်သေးဘူး။ လူတွေက ပုံမှန်အတိုင်းဘဲ သွားသွားလာလာ ရှိနေပါတယ်။ ဟို အ၀ကျွန်းဘက်မှာတော့ ၀င်နေပြီလို့ သတင်းရတယ်။