Pages

Wednesday, May 8, 2013

လက်ပံတောင်းမှာ ဒေသခံ ၄၀၀ ကျော် ဆန္ဒပြ

Photo- Ko Han Win Aung
 လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းပေးဖို့အတွက် ဒေသခံပြည်သူ ၄၀၀ ကျော်ဟာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တုံရွာထိပ်ကနေ ဦးပိုင်ကုမ္ပဏီရှိရာ ညောင်ပင်ကြီး စက်လှေဆိပ်အထိ ဒီကနေ့နေ့လည်ပိုင်းက ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ဆန္ဒပြပွဲဟာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ဆန္ဒပြတာဖြစ်ပြီး တုံရွာ၊ ဆည်တည်းရွာ၊ အလယ်ရွာ၊ အလယ်တော၊ ရွာသစ်၊ တောကျောင်း၊ မိုးကြိုးပြင်မြောက်ရွာ၊ ကျောက်ဆည်ဒိုင်နဲ့ လယ်တီရွာတွေက  ဒေသခံတွေ စုပေါင်းဆန္ဒပြတာပါ။ ဒီတောင်းဆို ဆန္ဒပြရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာပါဝင်တဲ့ တုံရွာနေ ကိုအောင်သန်းမျိုးက အခုလိုပြောပါတယ်။
"ကျနော်တို့ ဒီနေ့ဆန္ဒပြရတဲ့ အကြောင်းအရင်းကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်စဲရေးပေါ့၊ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးက ထုတ်ပြန်ထားတဲ့အမိန့်ကို ရုပ်သိမ်းပေးဖို့ရယ်၊ ဖမ်းဆီးထားတဲ့ ၃ ယောက်ကို ပြန်လည်လွှတ်ပေးဖို့ရယ် အဲဒါတွေကို တောင်းဆိုထားတယ်ခင်ဗျ၊ အာဏာပိုင်တွေဘက်က ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဘေးကနေပြီးတော့ လိုက်ပါစောင့်ကြည့်တယ်၊ ပိတ်ပင်တားဆီးခြင်းမရှိပါဘူး၊၊ "
ဆန္ဒပြတောင်းဆိုရာမှာ စီမံကိန်းလုံးဝဖျက်သိမ်းပေးဖို့၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားချက်ကို ရုတ်သိမ်းပေးဖို့၊ မီးလောင်ဗုံးတရားခံတွေကို အမြန်ဆုံးဖော်ထုတ်အရေးယူပေးဖို့၊ တောင်သူလယ်သမားတွေကို ထွန်ယက်စိုက်ပျိုးခွင့် ပြန်လည်ပေးအပ်ဖို့၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဒေသခံတွေကို ကူညီပေးနေသူတွေထဲက အဖမ်းခံထားရတဲ့သူ ၃ ဦးကို ပြန်လွှတ်ပေးဖို့စတဲ့ တောင်းဆိုချက်တွေနဲ့ ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။
ဒေသခံတွေအနေနဲ့ ဆန္ဒပြတောင်းဆိုထားချက်တွေကို အာဏာပိုင်တွေဖက်က လိုက်လျောဆောင်ရွက်ပေးလာတဲ့အထိ ဆက်လက်ဆန္ဒပြသွားကြမယ်လို့ပြောပါတယ်။ အခုမေလ ၁ ရက်နေ့ကလည်း ဖမ်းဆီးခံထားရသူ ၃ ဦးကို တွေ့ဆုံခွင့်ပေးဖို့ ဒေသခံ၂၀လောက်က မုံရွာအကျဉ်းထောင်ရှေ့မှာ  သွားရောက်တောင်းဆိုခဲ့ကြပါသေးတယ်။
RFA
==>>ကိုဟန်ဝင်းအောင် ၏ Facebook စာမျက်နှာတွင် ဤသို့ဖော်ပြထားသည်။
    ဒီနေ့ ၈.၅.၂၀၁၃ ရက်နေ့ တွင် လက်ပတောင်းတောင်ဒေသခံများသည် မြို့နယ်ရုံးမှ တရားဝင်ခွင့်ပြုမိန့်ဖြင့် စီတန်းလှည့်လည်ပြီး အင်အား(၃၀၀) ကျော်ချီတက်ခဲ့ရာမှ ထန်းတော ရွာအနီး ညောင်ပင်ကြီး ရဲစခန်းတွင် မြို့နယ်မှူး၏ ကတိမတည်မှူကို စတင်တွေ့ကြုံခဲ့ရပါသည်။ ဒေသခံများကို ညောင်ပင်ကြီါ် ဆိပ်ကမ်းအထိ ခွင့်ပြုမိန့်တွင် ပါရှိခဲ့သော်လည်း တကယ်တမ်း ခွင့်ပြုခဲံသည်က ထန်းတော ဆိပ်ကို အထိသာ ခွင့်ါပြုခဲ့ပါသည်။ယင်း ကိစ္စကို ဒေသခံများက ကျေနပ်မှူမရှိသဖြင့် အကျေအလည်ဆွေးနွေးခဲ့သော်လည်း မြို့နယ်မှူးမှ ငြင်းပယ်ခဲ့သဖြင့် ထန်းတော ဆိပ်ကမ်းတွင်သာ လှည်ပြန်ခဲ့ရကြောင်းသိရှိရပါသည်။”