Pages

Monday, May 13, 2013

မုန်တိုင်း လာမည့်ဆိုတာ သိပေမယ့် စစ်တွေ လူထု မြို့ ကို မစွန့် ခွာလို

 
 စစ်တွေမြို့ပေါ်က လူတချို့က တောင်တွေရှိတဲ့ ပုဏ္ဏားကျွန်း ဘက်ပြောင်းဖို့ လုပ်နေကြတယ်။ လက်ရှိအချိန်ထိ တစ်မြို့ကနေ တစ်မြို့ရွှေ့တာမျိုး သိပ်မရှိသေးပါဘူး။ ကိုယ့်မြို့မှာပဲ လုံခြုံတဲ့ နေရာတွေကိုရွှေ့ပြောင်း နေကြတယ်။ အဲသည်ကျွန်းက စစ်တွေမြို့နဲ့မိုင်၂၀ခန့် အကွာမှာ ရှိတယ်။ တောင်အကာရံတွေ ရှိတာကြောင့် အကာ ကွယ်ယူနိုင်အောင် ပြောင်းရွှေ့  ကြတာ ဖြစ်တယ်။ မြို့ကြီးတစ်မြို့ကနေတစ်မြို့ပြောင်းရွှေ့တာမျိုး မကြားရသေးဘူးလို့ သိရတယ်။