Pages

Saturday, May 11, 2013

မြစ်ငယ်မြို့ မြို့မဗလီမှာ ငြိမ်းချမ်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး ဆွေးနွေး


 
 Saturday, May 11, 2013
ငြိမ်းချမ်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေးအတွက်သြ၀ါဒပေး ဆွေးနွေးပွဲကို ဒီနေ့
မွန်းလွဲ ၂း၃၀ နာရီ က မြစ်ငယ်မြို့ မြို့မဗလီမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မြစ်ငယ်မြို့အတွင်းရှိဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန် စတဲ့ ဘာသာပေါင်းစုံ မြို့ခံလူထု (၁၀၀)ကျော်တက်ရောက်ခဲ့ပြီး
ပဋိပက္ခမဖြစ်ပွားအောင် ဘာသာရေး၊ လူမျိုးရေးကို ဦးမတည်ဘဲ ညှိနှိုင်းဆွေးနွေး
ကာကြိုတင်ကာကွယ်တားဆီးနိုင်ဖို့အတွက်စုပေါင်းလုပ်ဆောင်နိုင်ရေး ဆွေးနွေးခဲ့ပါတယ်။

''ဘာသာပေါင်းစုံဆိုတာ ကျွန်တော်တို့ မမွေးခင်ကတည်းကမြန်မာနိုင်ငံမှာ စုပေါင်းနေထိုင် လာခဲ့ကြတာ၊ ဒါကြောင့် ကျွန်တော်တို့ကလည်း ဘယ်ဘာ
သာ၊ဘယ်လူမျိုးမဆို မခွဲခြားဘဲ စုစည်းနေထိုင်နိုင်ရမယ်၊ ပြဿနာတစ်ခုခုဖြစ်
လာပြီဆိုရင် မကြီးထွာအောင်လုပ်ဖို့ကဘာသာတိုင်း အပြန်အလှန်ရင်းနှီးမှုနဲ့ ပူပေါင်းဖြေရှင်းမှ ရနိုင်တယ်''လို့ မန္တလေး ၈၈ကျောင်းသားဟောင်းကိုမြတ်ထွန်း
က ပြောပါတယ်။

ငြိမ်းချမ်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး သြ၀ါဒပေးဆွေးနွေးပွဲမှာကံတက်ကုန်းမ
စိုးရိမ်ကျောင်း တိုက်ဆရာတော် ဦးတေဇောဘာသက ဦးဆောင်ဆွေးနွေးခဲ့ပြီး မွတ်စလင်နဲ့ဗုဒ္ဓဘာသာဝင်တွေ အကြား ချစ်ကြည်စွာအတူယှဉ်တွဲနေထိုင်ရေး
ကိုထည့်သွင်းပြောကြားခဲ့ပါတယ်။ တောင်စလင်းကျောင်းတိုက်ဆရာတော်
ဦးတိက္ခ၊မြစ်ငယ်မြို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်း (၅)ကျောင်းက ဆရာတော်တွေ၊ မြစ်ငယ်ဗလီ ဥက္ကဋ္ဌဦးမောင်မောင်၊ ၈၈ကျောင်းသားဟောင်း ကိုမြတ်ထွန်းနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုညီညီကျော်နဲ့ဒေသခံတွေ
တွေက ပဋိပက္ခတွေ မဖြစ်ပွားအောင် ကြိုတင်ကာကွယ် စုပေါင်းဖြေရှင်းနိုင်ရေး
တို့ကိုဆွေးနွေးခဲ့ကြပါတယ်။

Myanmar International News