Pages

Thursday, May 16, 2013

မိုင်းဆတ်လေဆိပ်တွင် လေယာဉ်ပြေးလမ်းချော်ကာ ခရီးသည်နှစ်ဦးဒဏ်ရာရ"


ရန်ကုန် ၊မေ ၁၆

မိုင်းဆတ်လေဆိပ်တွင်ယနေ့နံနက် ၁၁ နာရီ ၅၅ မိနစ်က မြန်မာလေကြောင်းလေယာဉ် MA 60 ပြေးလမ်းချော်ကာ ခြံစည်းရိုးအား တိုက်မိရပ်တန့်သွားခဲ့၍ ခရီးသည်နှစ်ဦးဒဏ်ရာရရှိခဲ့ သည်။

အဆိုပါလေယာဉ်သည် ဟဲဟိုးလေဆိပ်မှ ခရိးသည် ၅၀ ဦးတင်ဆောင်ကာ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး မိုင်းဆတ်လေယာဉ်ကွင်း သို့ဆင်းချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနေပြည်တော်လေဆိပ်မှ လေကြောင်းဆိုင်ရာအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

ထိခိုက်ဒဏ်ရာရနှစ်ဦးမှာ အမျိုးသားနှင့်အမျိုးသမီးတစ်ဦးဖြစ်ပြီး အမျိုးသားမှာခါးရိုးတွင်ပြင်းထန်စွာဒဏ်ရာရ၇ှိခဲ့ပြီးအမျိုးသမီးမှာလက်မောင်းတစ်ဖက် အရိုးကျိုးသွားခဲ့ကြောင်းသိရသည်။

လေယာဉ်၏အတောင်ပံနှင့်ပဲထိန်းယာဉ်ပိုင်းမှာပျက်စီးသွားခဲ့ကြောင်းလည်းသိရသည်။
၎င်းလေယာဉ်၏လေယာဉ်မှုးမှာဦးမောင်မောင်ဦးဖြစ်ကြောင်း သိရသည်။

အောင်ထက်