Pages

Sunday, May 19, 2013

တောင်ကိုရီးယာနိုင်ငံရောက် ၈၈မျိုးဆက်ခေါင်းဆောင်များ



၂၀၁၃ ခုနှစ် မေလ ၁၈ရက် နံနက် ၁၀ နာရီမှ ၁၁ နာရီအထိကျင်းပခဲ့သော Gwangju May 18 Memorial day အခမ်းအနားသို့ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) မှ မင်းကိုနိုင်၊ ကိုဂျင်မီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး( ABSDF ) ဥက္ကဌကိုသံခဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( လွတ်မြောက်နယ်မြေ ) ကိုရီးယားဌာနခွဲဥက္ကဌ ကိုနေထွန်းနိုင်တို့ တက်ရောက်ခဲ့ကြပါသည်။
 ည ၈ နာရီမှ ၁၀ နာရီခွဲအထိ ကျင်းပခဲ့သော ကိုရီးယားရောက် မြန်မာတိုင်းရင်းသားများနှင့် 
 ၈၈ မျိုးဆက် ခေါင်းဆောင်များ တွေ့ဆုံပွဲကို လူ ၈၀ ခန့် တက်ရောက်ခဲ့သည်။
 
 ယခုတွေ့ဆုံပွဲတွင် မင်းကိုနိုင်နှင့် ယနေ့ညနေ ၇ နာရီ အချိန်မှ ကိုရီးယားသို့ရောက်ရှိလာသော ကိုကိုကြီး တို့မှ ယနေ့ မြန်မာနိုင်ငံအရေး ကိစ္စများကို ဦးဆောင် ဆွေးနွေးခဲ့ကြပြီး မြန်မာမိသားစုများမှလည်း အပြန်လှန် ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲ ရလာဒ်များမှာ အလွန်ကောင်းမွန်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ပိုမို၍ တက်ကြွ ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်သွားရေးကိုလည်း သဘောတူခဲ့ကြသည်။

၂၀၁၃ ခုနှစ် မေလ ၁၈ရက် နံနက် ၁၀ နာရီမှ ၁၁ နာရီအထိကျင်းပခဲ့သော Gwangju May 18 Memorial day အခမ်းအနားသို့ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) မှ မင်းကိုနိုင်နှင့် ကိုဂျင်မီတို့ တက်ရောက်ခဲ့ကြပါသည်။
သတင်းနှင့်ဓာတ်ပုံ--88 Generation Students