Pages

Wednesday, May 1, 2013

တနသာင်္ရီတိုင်း ဒေသလုံးဆိုင်ရာပညာရေး ဆွေးနွေးပွဲအား ထားဝယ်တွင် ကျင်းပ


တနသာင်္ရီတိုင်း ဒေသလုံးဆိုင်ရာပညာရေး ဆွေးနွေးပွဲကို “ပညာရေးပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (National Network for Educational Reform –NNER) ကကြီးမှူး ကျင်းပခြင်းဖြစ်ကာ မေလ (၁) ရက်နေ့တွင် ထားဝယ်မြို့ ၊လေးထပ်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။

ထားဝယ်ဒေသမှာပညာရေးပြုပြင်ပြောင်းလဲရေးအတွက်သက်ဆိုင်ရာခေါင်း စဉ်များအား ဆွေးနွေးကြရာတွင်
(၁) မူလတန်းကြိုပညာရေး
(၂) အခြေခံ ပညာရေး
(၃) အဆင့်မြင့်ပညာရေး(တက္ကသိုလ်ပညာရေး)
(၄) ကျောင်းပြင်ပ ပညာရေး
(၅) ဘုန်းတော်ကြီးသင်ပညာရေး
(၆) ရွှေ့ပြောင်းလုပ်သားများ၏ ပညာရေး
(၇) ပုဂ္ဂလိက ပညာရေးနှ့် အခြားပညာရေး လုပ်ငန်းများ (၇)ချက်ဟူ၍ ဆွေနွေးကြပါသည်။

တက်ရောက်လာသူများအနေဖြင့် ရဟန်းသံဃာတော်များ၊ ၈၈ ၊ NLD ၊ DDA၊ မြိတ်ပညာရေးကွန်ယက် ၊ ဘော်ဒါဆောင် ဆ၇ာ/ ဆ၇ာမများ၊ ထားဝယ် လေး မြို့နယ်မှ လူငယ်များ၊ ပြည်ပမှာ စာသင် ပေးသောကျောင်းဆရာများ၊
ပရိတ လူငယ်များ စသဖြင့် လူဦးရေ ၂၅၄ ယောက်ခန့် တက်ရောက်သည် ယနေ့နေလည်ခင်းတွင်သိရှိရသည်။

ထိုဆွေးနွေးပွဲသည် တစ်ရက်တာခန့်ဖြစ်ကြောင်းသိရှိရသဖြင့် ယခုအချိန်တွင် လည်းဆက်လက်ဆွေးနွေးနေဆဲဖြစ်သည်။

ကနဦးတွင် ထားဝယ်ဒေသလုံးဆိုင်ရာ ပညာရေးဆွေးနွေးပွဲ အခမ်းအနားဟု သိရှိရသော်လည်း မြိတ်ပညာရေးကွန်ယက်မှလည်း တက်ရောက်ခြင်းရှိ သည့်အတွက် တနသာင်္ရီတိုင်း ဒေသလုံးဆိုင်ရာပညာရေး ဆွေးနွေးပွဲဟု ပြန်လည်ခေါ်ဆိုခြင်းဖြစ်ကြောင်း ထားဝယ်သား Nay Lin Kyaw ဖေ့စ်ဘုတ်မှတစ်ဆင့်သိရှိရသည်။