Pages

Monday, May 13, 2013

မဟာဆန်သူက ပေးတဲ့ဝေဒနာ။

 
မဟာဆန်သူက ပေးတဲ့ဝေဒနာ။

အချစ်ရေ
မင်းပြန်သွားပြီးကတည်းက
တံခါးကို အသာခေါက်ပါလို့
ဧည့်သည်တစ်ယောက် ရောက်လာတယ်။
လူခြေတိတ်ချိန်
အများအိပ်ချိန်မှ
ကိုဧည့်သည်
လာပုံထူးတာကြောင့်
မင်းဘယ်သူတုံးလို့
မောင်ကမေးတော့…
ကိုဧည့်သည်ဖြေပုံ
တကယ်ထူးတယ်ကွယ်
“အလွမ်း” တဲ့ လေး။

မောင်ထွန်းလွင် (မိုးလေ၀သ)

(၀န်ခံချက်။ မဟာဆန်သူကြောင့် လူပမ်းလူပမ်းဖြစ်နေရတာလေး ပြေပျောက်လို ပြေပျောက်ငြား
ရေးမိတဲ့ စာတိုလေးပါ။) (သက်ဆိုင်သူကြားစေဖို့ပေါ့ဗျာ)
မှတ်ချက်--မူရင်းကဗျာမှ “ကိုဧည့်သည် ” ကို “သူ” ဟုပြင်လိုက်ခြင်းအတွက် ကဗျာရှင် ဆရာဦးထွန်းလွင်ကျနော့ကို ခွင့်လွှတ်ပါခင်ဗျား။
လွင့်မောင်မောင်(Myanmar Local News)