Pages

Thursday, May 16, 2013

မုန်တိုင်းရဲ့ ရှေ့က ဦးထွန်းလွင်


(Photo – U Tun Lwin with Daw Suu, in the past, file picture, facebook)

မိုးမခ၊ မေ ၁၆၊ ၂၀၁၃

ဒီနှစ် မေ၊ မိုးဦး၊ မုန်တိုင်းကြိုကာလမှာ မြန်မာပြည်ရဲ့ ထင်ရှားတဲ့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ဟာ အင်တာနက် ဆက်သွယ်ရေး နည်းပညာကို အသုံးချပြီး မြန်မာပြည်မုန်တိုင်းဒဏ်က ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ အသိပညာပေးရေးတွေကို အစွန်းကုန် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ယခု အိန္ဒိယသမုဒ္ဓရာကနေ ဘင်္ဂလားဒေ့နဲ့ ရခိုင်ကမ်းရိုးတန်းကို ဦးတည်နေတဲ့ မဟာဆင်မုန်တိုင်းကို တောက်လျောက် စောင့်ကြည့်ပြီး နှိုးဆော်တင်ဆက်နေတဲ့အတွက် သူ့ကို “မုန်တိုင်းရဲ့ရှေ့က ဦးထွန်းလွင်” လို့ ဂုဏ်ယူပြီး ခေါ်ဆိုရမှာဖြစ်ပါတယ်။

သူရဲ့ ဖေ့စ်ဘွတ်ကနေ သူကိုယ်တိုင်နဲ့ သူနဲ့ သဘောထားချင်းတူသူတွေက မုန်တိုင်းကို ကြိုတင်ရင်ဆိုင် သတင်းပေးတင်ပြနေတာတွေ၊ သတင်းမျှဝေနေကြတာတွေဟာ ဒေသခံတွေအတွက်သာမက မြန်မာနိုင်ငံသားတွေ၊ တိုင်းရင်းသားတွေ၊ အမျိုးသားရေးမှာ ကျရာနေရာက အသုံးတော်ခံ ဆောင်ရွက်နေသူတွေအတွက် အားရှိစေတဲ့ ခွန်အားကိုဖြစ်စေတဲ့ လှုပ်ရှားမှုပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

https://www.facebook.com/tunlwin48

၂၀၀၈ နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က မိုးဇလဌာနနဲ့ တာဝန်ရှိသူတွေကို ပြည်သူတွေက ထိရောက်တဲ့ သတိပေးမှုတွေ လူတွေဆီအရောက် ကြိုတင်မပို့ဆောင်ခဲ့၊ သတိမပေးခဲ့ရကောင်းလားလို့ အထင်တွေ လွဲခဲ့ကြဖူးပါတယ်။ အခုချိန်မှာတော့ ဦးထွန်းလွင်ဟာ မုန်တိုင်းနောက်မှ လာတဲ့သူမဟုတ်ပါဘူး။ မုန်တိုင်းရှေ့ကနေ အချက်ပေးသံချောင်း ခေါက်နေတဲ့ ဦးထွန်းလွင်လို့ ဆိုနေကြပြီ ဖြစ်ပါတယ်။



မူရင်း လင့် http://moemaka.com/archives/34769?fb_source=pubv1