Pages

Sunday, May 19, 2013

သမ္မတကြီးဦးသိန်းစိန် လင်ကွန်းအထိမ်းအမှတ်အဆောက်အဦးကိုသီားရောက်လေ့လာ

 
အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတကြီးဟာမေလ ၁၈ ရက်နေ့ ညနေမှာ အမေရိကန်လင်ကွန်းအထိမ်းအမှတ်အဆောက်အဦကို သွားရောက် လေ့လာခဲ့ပါတယ်။ 
 
သမ္မတလင်ကွန်းအထိမ်းအမှတ်ရုပ်ထုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက အခုလို ရှင်းပြခဲ့ ပါတယ်။

လက်သီးဆုတ်ထားဟာ ပြည်ထောင်စုကြီးတည်တံ့ရေးအတွက် ခွဲထွက်ရေးဝါဒီ တောင်ပိုင်းပြည်နယ်များကို ပြတ်ပြတ်သားသားချေမှုန်းမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ထား မှုကို ဖော်ပြတယ်။

လက်ဖြန့် ထားတာဟာ စစ်ပွဲပြီးသွားချိန်မှာ တောင်ပိုင်းပြည်နယ်များပြန်လည် ထူထောင်နိုင်ရေးအတွက် ညင်ညင်သာသာ ကိုယ်တွယ်ခဲ့မှု၊ လင်ကွန်းရဲ့ သဘောထားကြီးမှု၊ ခွင့်လွှတ်နိုင်မှုတွေကို ဖော်ပြတယ်။

လက်ဖြန့်ထားတဲ့ဘက်က အ၀တ်စဟာ အမေရိကန်ပြည်ထောင်စုအလံဖြစ်တယ်။ ( သေသေ ချာချာကြည့်မှ ကြယ်ပွင့်တွေထုဆစ်ထားတာတွေ့ ရပါတယ်။ )

ကုလားထိုင်ရဲ့ ဘယ်၊ ညာတိုင်နှစ်ခုကို ထင်းစည်းအသွင်ဖော်ပြထားတာဟာ စည်းလုံးညီညွတ် မှုကို ရည်ညွှန်းတယ်။

ပြည်ထောင်စုမပြိုကွဲရေးအတွက် သမ္မတလင်ကွန်းဆောင်ရွက်ချက်များကို ရုပ်ထုတစ်ခုတည်း မှာ ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့တဲ့ အနုပညာဖန်တီးနိုင်မှုစွမ်းအားကို လေးစားမိပါတယ်။

မိမိတို့ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးနဲ့ ပတ်သက်တဲ့ သင်ခန်းစာတစ်ခုရလိုက်တယ်လို့ လည်းခံစားမိပါတယ်။ဟု ဦးရဲထွဋ်က သူ၏ Facebook စာမျက်နှာတွင်ဖော်ပြထားသည်။


အဲဒီကနေ မြန်မာသံရုံးကို သွားရောက်ပြီး အမေရိကန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများနဲ့ ချစ်ချစ် ခင်ခင် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။
 
သတင်းနှင့်ဓာတ်ပုံ - Ye Htut(Facebook)