Pages

Wednesday, May 22, 2013

နိုင်ငံတော်သမ္မတကြီနဲ့ CNN တွေ့ဆုံမေးမြန်းခန်း( သတင်းနှင့်ရုပ်သံ)

Photo- Hmuu Zaw

အမေရိကန်ပြည်ထောင်စုရဲ့ ရန်သူနံပါတ်(၁)အဖြစ်ကနေ အခုလို အိမ်ဖြူတော်ခရီးတွေ ဖြစ်လာတာဟာ အံ့သြစရာလို့ မေးမြန်းသူက ပြောပါတယ်။

ကမ္ဘာ့မဟာဗျူဟာ ကွင်းပြင်ကြီး ဖြစ်နေတဲ့ တရုတ်-အိန္ဒိယ-အာရှအလယ်က မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို စိတ်ဝင်တစား မေးမြန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အကြောင်းရင်း။

ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဖခင်ကြီး ဖြစ်တဲ့အတွက် သူ့သမီး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် စိတ်ထဲမှာလည်း တပ်မတော် ရှိနေပါလိမ့်မယ် ဆိုတဲ့ အဖြေ။

ဘာသာရေးနဲ့ နွယ်တဲ့ လူမှုရေးတင်းမာမှု ပဋိပက္ခတွေကို Rule of Law နဲ့အညီ ကိုင်တွယ် ဖြေရှင်း ဆောင်ရွက်သွားမယ်။

မြန်မာနိုင်ငံသားတိုင်း နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့် ရရှိရေးအတွက် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီရဲ့ စိစစ်တင်ပြမှုတွေအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်။

ပြုပြင်ပြောင်းလဲမှုအကျိုးကို အောက်ခြေပြည်သူတွေ ခံစားရရှိနိုင်ရေး။

တြိဂံဒေသတိုင်းမှာ ၁၉၉၈ ခုနှစ်က တပ် မြေသိမ်းဆည်းမှုတွေ ပြုလုပ်ခဲ့တာ ကြောင့် ပြည်သူတွေ ဒုက္ခရောက်ခဲ့ရတယ် ဆိုတဲ့ လူ့အခွင့်အရေးအစီရင်ခံချက်နဲ့ ပတ်သက်လို့ သူ့လက်ထက်မှာ လူထုဆန္ဒကို ဆန့်ကျင်ပြီး အတင်းအကျပ် လုပ်ခဲ့တာ မရှိဘူးဆိုတဲ့ အဖြေ။

ပြုပြင်ပြောင်းလဲမှုကို အဟန့်အတား ဖြစ်စေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်(၃)ရပ်။

ယူနီဖောင်းဝတ်နဲ့ အရပ်ဝတ် တာဝန်ထမ်းဆောင်ရမှု ကွာခြားချက်။ 

Hmuu Zaw