Pages

Tuesday, May 28, 2013

လေဖိအားနည်းဆဲလ် INVEST 94B ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ယနေ့ည ဖြတ်ကျော်ဝင်ရောက်ဘွယ်ရှိ

BY MMWEATHER.YGN, ON MAY 28TH, 2013

လေဖိအားနည်းဆဲလ် INVEST 94B သည် မေလ ၂၈ ရက် မြန်မာစံတော်ချိန်နံနက် ၁၂း၃ဝ နာရီတွင် ရရှိသည့် NRL data များအရ အရှေ့မြောက်ဘက်သို့ ချိုးကွေ့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ အရှေ့တောင်ဘက် ၁ဝ၃ မိုင်ခန့်၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်-အနောက်တောင်ဘက် ၁၅၂ မိုင်ခန့်၊ မြန်မာနိုင်ငံ စစ်တွေမြို့ အနောက်မြောက်ဘက် ၂၃၄ မိုင်ခန့်အကွာ – အနီးဆုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေမှ ၈ မိုင်ခန့်သာ ကွာဝေးသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည်။
INVEST 94B သည် မြောက်-အနောက်မြောက်ဘက်သို့ တစ်နာရီ ၆ မိုင်နှုန်းဖြင့် ရွေ့လျားခဲ့ပြီး မေလ ၂၈ ရက် ည ၂၄ဝဝ နာရီခန့်မှ စတင်၍ ဘင်္ဂလားဒေ့ရှ်ကမ်းခြေကိုကျော်ဖြတ်ပြီး ကုန်းတွင်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း GFS Model မှ ပုံဖေါ်ခန့်မှန်းချက်တွင် တွေ့ရပါသည် [(ပုံ-၂)တွင် ကြည့်ပါ]
လေဖိအားနည်းဆဲလ် INVEST 94B
28 May 2013 0600Z
Location: 21.6 89.6
Winds: 15 knots
Central Pressure: 1010 hPa
28MAY-1230MST-clouds
မေလ ၂၈ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ရရှိသည့် INVEST 94B ရွေ့လျားမှု အခြေအနေ

29MAY-0930MST-GFS-FORECAST
မေလ ၂၈ ရက် ညပိုင်းတွင် 94B ဘင်္ဂလားဒေ့ရှ်ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်နိုင်မည့် အခြေအနေကို GFS Model မှ ပုံဖေါ် ခန့်မှန်းချက်http://blog.mmweather.com/2013/05/28/invest-94b-bay-of-bengal-5/