Pages

Saturday, May 11, 2013

မုန်တိုင်းငယ် 01B လမ်းကြောင်း မြောက်ဘက်သို့ရွေ့လျား

မေလ ၁၁ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ရရှိသည့် JTWC နှင့် TSR မှ မုန်တိုင်း လမ်းကြောင်းခန့်မှန်းချက်များတွင် မုန်တိုင်း 01B(ONE) သည် အနောက်မြောက်ဘက်သို့ တစ်နာရီ ၁၄ မိုင်နှုန်းဖြင့် ရွေ့လျားခဲ့ပြီး မေလ ၁၁ ရက် ဝဝ၃ဝ နာရီမှ နောက် နာရီပေါင်း ၁၂ဝ မတိုင်မီ(မေလ ၁၆ ရက် – မြန်မာစံတော်ချိန် နံနက် ဝဝ၃ဝ နာရီတွင်) မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်၍ ကုန်းတွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း ခန့်မှန်း ထားပါသည်။
မုန်တိုင်းငယ် 01B(ONE) သည် လာမည့် ၃၆ နာရီအတွင်း(မေလ-၁၂ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီ မတိုင်မီ အဆင့်-၁ (CAT-1)ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိမည်ဖြစ်ပြီး မုန်တိုင်းဗဟိုတွင် လေတိုက်နှန်း တစ်နာရီ ၆၅ နော်တီကယ်မိုင် အထိရှိနိုင်ကာ တည်နေရာ မြောက်လတ္တီတွဒ် 8.6N နှင့် အရှေ့လောင်ဂျီတွဒ် 88.0E သို့ ရောက်ရှိမည် ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။
ယနေ့ မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ရရှိသည် အချက်အလက်များအရ 01B(ONE) သည် မြန်မာနိုင်ငံ ကော့သောင်းမြို့ အနောက်တောင်ဘက် မိုင် ၅၆ဝ ခန့်၊ ကိုကိုးကျွန်းလေဆိပ်၏ တောင်-အနောက်တောင်ဘက် ၅၁၅ မိုင်ခန့်၊ ပုသိမ်မြို့၏ တောင်-အနောက်တောင်ဘက် ၇၁၅ မိုင်ခန့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် တည်ရှိနေပြီး ပိုမိုအင်အားကောင်းလာကာ  အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်မည်ဟု ခန့်မှန်းရပါသည်။ မြန်မာစံတော်ချိန် နံနက် ဝ၈၃ဝ နာဂီတွင် ရရှိသည့် ရေခိုးရေငွေ့ပါဝင်မှု နှုန်းပြ ဂြိုလ်တုပုံအရ မုန်တိုင်း၏ အပြင် rain band များသည် ဧရာဝတီတိုင်းဒေသကြီးတောင်ပိုင်း ဒေသများသို့ စတင်၍ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရပါသည်။
မုန်တိုင်းငယ် 01B ONE
11 May 2013 0000Z (မေလ ၁၁ ရက်၊ မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီ)
Location: 7.0 91.0
Winds: 40 knots
Central Pressure: 993 hPa
မုန်တိုင်းငယ် 01B ONE
10 May 2013 1800Z (မေလ ၁၁ ရက်၊ မြန်မာစံတော်ချိန် နံနက် ဝဝ၃ဝ နာရီ)
Location: 6.1 91.9
Winds: 35 knots
Central Pressure: 996 hPa
11MAY-0630MST-track
 မေလ ၁၁ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ရရှိသည့် မုန်တိုင်း ရွေ့လျားနိုင်မည့် လမ်းကြောင်း

မြန်မာစံတော်ချိန် နံနက် ဝ၈၃ဝ နာရီတွင် ရရှိသည့် ရေခိုးရေငွေ့ ပါဝင်မှုနှုန်းပြပုံ (အောက်) ပုံတွင် rain band များ ဧရာဝတီတိုင်းဒေသကြီး တောင်ပိုင်းသို့ စတင်ရောက်ရှိလျှက်ရှိကြောင်း တွေ့နိုင်ပါသည်။
 MAY11-0830MST

warning-3
JTWC မှ သတိပေးထုတ်ပြန်ချက်
 http://blog.mmweather.com/2013/05/11/01b-02/ မှ
==>>ဆက်စပ်ဖတ်ရှူရန်==>>မေ ၁၄ တွင်ရခိုင်ပြည်နယ်စစ်တွေမြို့အနီးသို့ တနာရီ ၁၀၃မိုင်နှုန်းရှိTropical Cyclone One မုန်တိုင်း ၀င်ရောက်မည်ဟု ခန့်မှန်းထား
http://www.lwintmgmg.com/2013/05/tropical-cyclone-one.html