Pages

Sunday, May 12, 2013

အခြေခံဥပဒေမပြင်ရင် ရွေးကောက်ပွဲမ၀င်ဘူးလို့ KNPP ဆုံးဖြတ်

မြန်မာအစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေကို ပြန်ပြင်ရေးဆွဲမှုမရရှိရင် KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တရားဝင်ပါတီအဖြစ်ရပ်တည်ပြီး ပါဝင်နိုင်မှာမဟုတ်ဘူးလို့ မေလ ၁၀ ရက်နေ့က ပြီးဆုံးသွားတဲ့ KNPP ရဲ့ ၁၂ ကြိမ်မြောက် ပါတီညီလာခံကနေ ဆုံးဖြတ်လိုက်ပါတယ်။
အစိုးရကနေပြီး၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်မရေးဆွဲဘူးဆိုရင် KNPP ရဲ့ မူလဦးတည်ချက်၊ ရည်မှန်းချက်တွေဖြစ်တဲ့ တရားမျှတရေး၊ တန်တူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး စတာတွေနဲ့ မကိုက်ညီဘူးလို့လည်း အတွင်းရေးမှူး ၁ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ 

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစတင်ခဲ့ချိန်က တောင်းဆိုချက်၂၂ချက်တင်ပြခဲ့ပေမယ့် လောလောဆယ်အထိ
 ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းရာမှာ
၁၄ ချက်ပဲ သဘောတူညီမှု ရရှိသေးတယ်လို့ သိရပါတယ်။
RFA Burmese