Pages

Sunday, May 12, 2013

ဆိုင်ကလုန်းမုန်တိုင်း MAHASEN ၏အရှိန် မြန်မာနိုင်ငံမှ သတိပြုရန်လိုအပ်ဆဲဖြစ်

 

မေလ ၁၂ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ ဆိုင်ကလုန်းမုန်တိုင်း MAHASEN(01B) သည် တစ်နာရီ မိုင် ၁၈ နှုန်းခန့်ဖြင့် အနောက်မြောက်ဘက်သို့ ရွေ့လျားလျှက်ရှိပြီး အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ အရှေ့တောင်ဘက် မိုင် ၄၆ဝ ခန့်၊ ကိုလ်ကတ္တားမြို့၏ တောင်ဘက် မိုင် ၈၄ဝ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် မိုင် ၈၉ဝ ခန့်၊ မြန်မာနိုင်ငံ ပုသိမ်မြို့ အနောက်-အနောက်တောင်ဘက် မိုင် ၇ဝဝ ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် ၇၇၅ မိုင်ခန့်၊ မောင်တောမြို့၏ တောင်-အနောက်တောင်ဘက် မိုင် ၈ဝဝ ခန့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း ပင်လယ်ပြင်တွင် ဆက်လက်၍ ဗဟိုပြုနေပါသည်။
01B MAHASEN
12 May 2013 0000Z
Location: 10.2 86.9
Winds: 50 knots
Central Pressure: 985 hPa
MAY-12-1000MST-track

JTWC မှ ထုတ်ပြန်ကြေငြာချက်တွင် လာမည့် ၁၂ နာရီ နောက်ပိုင်း၌ အရှေ့မြောက်ဘက်သို့ ချိုးကွေ့သည့်အခါ ရွေ့လျားမှုနှုန်း အနည်းငယ် နှေးကွေးသွားမည်ဖြစ်ပြီး ပိုမိုအားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ လာမည့် ၉၆ နာရီနောက်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် အင်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မြောက်ဘက်မှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။ မုန်တိုင်းသည် မြန်မာနိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်တိုက်ခတ်မည့်အခြေအနေမရှိသော်လည်း JTWC မှ မုန်တိုင်း လေပြင်းတိုက်ခတ်ခံရနိုင်မည့် ဧရိယာအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများ ပါဝင်နေဆဲဖြစ်ကြောင်း ပုံတွင် တွေ့မြင်နိုင်ပါသည်။ မုန်တိုင်းဗဟိုတွင် မုန်တိုင်းဒီလှိုင်းအမြင့် ၁၈ ပေအထိ ရှိမည်ဖြစ်ကြောင်း JTWC မှ ထုတ်ပြန်ထားပါသည်။ ထို့ကြောင့် မုန်တိုင်းအရှိန် အဖျားခတ်ကျရောက်မည့်ဒေသအတွင်း မုန်တိုင်း အန္တရာယ်ကို ဆက်လက်စောင့်ကြည့်၍ သတိပြုကြစေလိုပါသည်။
MAY-12-1000MST-strength-JTWC

MAY-12-1000MST-strength-JTWC-closeup
By mmweather