Pages

Wednesday, May 15, 2013

လူငယ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်ဖို့ တက္ကသိုလ် ပညာရေး မြှင့်တင်ပေးရန် လိုအပ်ကြောင်း ပညာရေး မူဝါဒ ဆွေးနွေးပွဲ ကျင်းပရာ ဗြိတိန်နိုင်ငံသို့ A Myanmar-UK Policy Dialogue ခေါင်းစဉ်ဖြင့် ပေးပို့သော ဗီဒီယို မိန့်ခွန်း၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အနာဂတ် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စွမ်း ရှိသည့် စွမ်းရည်ပြည့်ဝ လူငယ်များ မွေးထုတ်ဖို့ လိုအပ်နေကြောင်း နှင့် တက္ကသိုလ် ကျောင်းသား များဘ၀ ကို ဖျက်ဆီး လိုက်ခြင်းသည် နိုင်ငံတော် ရဲ့ အနာဂတ်ကို ဖျက်ဆီး ရာရောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မေလ ၉ ရက် နေ့တွင် ဗြိတိန်နိုင်ငံမှာ ပြုလုပ်သည့် ပညာရေးမူဝါဒ ဆွေးနွေးပွဲသို့ A Myanmar-UK Policy Dialogue ခေါင်းစဉ်ဖြင့် ဗီဒီယိုဖိုင် နှင့် ပေးပို့သော အဖွင့်မိန့်ခွန်း ၌ ပြောကြားခဲ့သည်။

 မြန်မာနိုင်ငံ၏ တက္ကသိုလ် ပညာရေးသည် စစ်အုပ်ချုပ်ရေး၏ ရာစုနှစ်ဝက်ကြာ အုပ်ချုပ်မှုကြောင့် လုံးဝနီးပါး ပျက်စီးခဲ့ရကြောင်း၊ ခေတ်မီပြီး လွတ်လပ်သော တက္ကသိုလ်များ တိုးတက်ဖွံ့ဖြိုးဖို့ လိုအပ်ကြောင်း၊ ဗြိတိန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေး ပြန်လည် မြှင့်တင်ရန် ကူညီပံ့ပိုးစေလိုကြောင်း၊ အဆင့်မြင့် ပညာရေး ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီင်္ နှင့် ရန်ကုန် တက္ကသိုလ် ပြန်လည်မွမ်းမံ အဆင့်မြှင့်တင်ရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုတ်တွန်းပြောဆိုခဲ့သည်။
 တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဘဝ ပျောက်ဆုံး သွားသည်မှာ ဆယ်စုနှစ်များစွာ ရှိခဲ့ပြီဖြစ်၍ တက္ကသိုလ်၌ နှစ်များစွာ ကုန်ဆုံးခဲ့ခြင်းကို ဖော်ပြရန်မှာ ဘွဲ့ရဓာတ်ပုံမှတစ်ပါးအခြား မရှိရလောက်အောင် တက္ကသိုလ် ပညာရေး အဆင့်အတန်း အလွန် နိမ့်ပါးကြောင်းလည်း ထည့်သွင်း ပြောဆိုထားသည်။

“ညံ့ဖျင်းသော ပညာရေးစနစ်က မြန်မာနိုင်ငံကို ဆယ်စု နှစ်ပေါင်းများစွာ ထိခိုက် နစ်နာစေခဲ့ပြီး တစ်ချိန်က ဂုဏ်ယူ ဝင့်ကြွား ဖွယ် ဖြစ်ခဲ့သော်လည်း   ယခုအခါ အိမ်နီးချင်း နိုင်ငံအားလုံး၏ နောက်တွင် ကျန်ရစ်ခဲ့ပြီး အနာဂတ်တွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စွမ်း ရှိသည့် စွမ်းရည် ပြည့်ဝသော လူငယ်များ မွေးထုတ်ရန် လိုအပ်နေ ပါသည်”ဟု ဒေါ်အောင်ဆန်း စုကြည်က ထည့်သွင်းပြောဆိုခဲ့သည်။ မောင်အာကာhttp://popularmyanmar.com/