Pages

Saturday, May 18, 2013

သမ္မတဦးသိန်းစိန် VOA မှာ နယ်ပယ်စုံပုဂ္ဂိုလ်တွေရဲ့ မေးမြန်းမှုကို ဖြေကြားမည်


Saturday, May 18, 2013

အမေရိကန်ပြည်ထောင်စုကို နှစ်ပေါင်း ၅၀ နီးပါးအတွင်း မြန်မာအစိုးရသမ္မတ အဖြစ်နဲ့ ပထမဆုံးအကြိမ်ရောက်ရှိလာမယ့် သမ္မတ ဦးသိန်းစိန်ဟာ တနင်္ဂနွေနေ့ မှာတော့ ဗီအိုအေမှာ ပြုလုပ်မယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ၊ ဘာသာရေး ၊ ပညာရေး စတဲ့ နယ်ပယ်စုံက လူပုဂ္ဂိုလ်အသီးသီးနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲကို ဗီအိုအေမြန်မာပိုင်းက မြန်မာစံတော်ချိန် မနက်ပိုင်း အသံလွှင့်အစီအစဉ်မှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် ဟာ မြန်မာနိုင်ငံက နိုင်ငံရေး နဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေအပါအ၀င် ပြိးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ စတင် ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးအသွင်ဆောင် အကြမ်းဖက်မှု ပတ်သက်ပြီး ဆွေးနွေးသွားမယ်လို့ ခန့်မှန်းရပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲကို ၂ နိုင်ငံအပြန်အလှန် ပညာရေးဖလှယ်တဲ့အစီအစဉ်နဲ့ လာရောက်နေတဲ့ ကျောင်းသားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ ဒုက္ခသည်တွေအပါအ၀င် နယ်ပယ်စုံက ပုဂ္ဂိုလ် ၃၀ လောက် တက်ရောက်ဆွေးနွေးကြဖို့ရှိပါတယ်။

သမ္မတဦးသိန်းစိန်ဟာ တနင်္လာနေ့မှာတော့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ စီစဉ်ထားပါတယ်။ ဆယ်စုနှစ် ၅ ခုကျော်ကြာ

စစ်အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတဲ့ မြန်မာနိုင်ငံ မှာ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်လာဖို့ မြန်မာနိုင်ငံဘက်က ကြိုးပမ်းနေတာတွေ၊ မြန် မာ ပြည်သူတွေအတွက် စီးပွားရေအခွင့်အလမ်းတွေတိုးတက်လာဖို့တွေ အပါ အ၀င် လူ့ အဖွဲ့အစည်းတွေ နဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို သမ္မတအိုဘားမားဘက်က ဆွေးနွေးသွားဖို့ရှိတယ်လို့ အိမ်ဖြူတော်တာဝန်ရှိသူတွေက ပြောပါတယ်။

VOA