Pages

Sunday, June 16, 2013

ALD နှင့် RNDP ပေါင်းစည်းရေး သဘောတူညီမူ အပေါ် တုန့်ပြန်မူများ ( ပေါင်းစည်းရေး အထူး)

(နိရဉ္စရာ- ၁၅ ဇွန် ၂၀၁၃) / ကိုမောင်အေး စုစည်း တင်ပြသည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) တို့ဟာ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့မှာ ပြုလုပ်တဲ့ ပေါင်းစည်းရေး အစည်းအဝေးမှာ နှစ်ပါတီကို တစ်ပါတီ အဖြစ် ပေါင်းစည်းရေး အတွက် သဘောတူညီလိုက်ကြပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ ပြင်ပက အမြင်တွေ ဘယ်လိုရှိတယ်ဆိုတာကို သိရအောင် လက်လှမ်းမိသလောက် စုဆောင်းပြီး တင်ပြ ပေးလိုက်ပါတယ်။ မိမိတို့ရဲ့ အမြင်သဘောထားတွေကို တင်ပြလိုတယ်ဆိုရင်တော့ မည်သူမဆို မိမိရဲ့ နာမည်၊ နေရပ်လိပ်စာ အပြည့်အစုံနဲ့  နိရဉ္စရာကို စာရေးသား ပေးပို့နိုင်ပါတယ်။ ပေးပို့ရမယ့် လိပ်စာက narinjara@narinjara.com  ဖြစ်ပါတယ်။
 ALD-RNDP-flag
ဦးကျော်မြသာ ( ဒါကာအခြေစိုက် – မြန်မာ့အရေး နိုင်ငံရေးလေ့လာသူ)
RNDP နံ့ ALD ပေါင်းစည်းဖို့ သဘောတူတဲ့ သတင်းကြားရတဲ့အတွက် ကျွန်တော့်အနေနဲ့ အလွန်တရာ ၀မ်းမြောက် ၀မ်းသာပါဖြစ်ရပါတယ်။ ဒီလုပ်ရပ်ဟာ အမျိုးသားအကျိုးစီးပွားနဲ့ အမျိုးသားညီညွတ်ရေးမှာ အလွန် အရေးပါတဲ့ ခြေလှမ်းတလှမ်းဖြစ်တယ်လို့ မြင်ပါတယ်။ ဒီလိုဖြစ်လာဖို့ ပြည်သူတွေအားလုံးက တောင်းဆိုနေတဲ့ တောင်းဆိုမှုတခုလည်းဖြစ်တယ်။ ဒါကြောင့် RNDP နဲ့ ALD ပါတီကခေါင်းဆောင်တွေ သဘောထားကြီးစွာနဲ့ ရှေ့ကိုသွားကြမယ်ဆိုရင် တိုင်းပြည်အတွက် အများကြီး အကျိုးရှိလိမ့်မယ်လို့မြင်ပါတယ်
——————————-
ကိုကျော်ကျော်နိုင် (တောင်ကုတ်မြို့နယ် – ကိုင်းရှည်ရွာ -လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသူ)
ကျွန်တော်တို့ကတော့ ပေါင်းလေကောင်းလေပါဘဲ။ မပေါင်းနိုင်လို့ရှိရင် ရခိုင်လူမျိုးတွေ ဘယ်လိုဖြစ်နေလည်း ဆိုရင် ဟောပြောပွဲတွေသွားရင်တောင် စည်းရုံးလို့ကိုမရဖြစ်နေတယ်။ နှစ်ဖွဲ့ကွဲနေတဲ့အတွက် ပြည်သူတွေ က လည်း တချို့နေရာတွေမှာ အမြင်မကြည်တာတွေရှိတယ်။ ပါတီနှစ်ခုဖြစ်နေတဲ့အတွက် အခုဒီလိုဖြစ်လာ တယ် ဆိုတော့ ပြည်သူတွေကလည်းအားလုံး ၀မ်းသာကြပါတယ်။
———————————–
ကိုခိုင်ဆန်းအောင် (ABSDF ရခိုင်စစ်ဒေသ ဥက္ကဌဟောင်း)
ဒီလိုဖြစ်လာတက အမျိုးသားတရပ်လုံးကို ကိုယ်စားပြုတဲ့ လက္ခဏာဆောင်ပါတယ်။ ပြည်သူတရပ်လုံး လိုလား နေတာကို သူတို့အကောင်အထည်ဖော်နေတာဖြစ်တယ်။ ပြည်သူတွေရဲ မျှော်လင့်ချက်ကို သူတို့ ဖြည့်ဆည်းဖို့ ကြိုးစားနေကြတာ ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုရင် အခုဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖိုကအတွက် ညီညွတ်ရေးက အရေးကြီးတယ်။ စည်းရုံးရေးမရှိဘဲ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ အခု ပါတီးပေါင်းစည်း ရေး ဟာ အမျိုးသားထု ပေါင်းစည်းရေးဖြစ်တယ်။ ဒါကမရှိမဖြစ်လိုအပ်ချက်ဖြစ်တယ်။ အခု ပေါင်းစည်းဖို့ သဘောတူတာကိုလည်း ကျွန်တော့်အနေနဲ့ ထောက်ခံတယ်။ ကြိုဆိုတယ်။
——————————————
ဒေါ်မညိုအေး (ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဌ -စစ်တွေ)
ကျမအမြင်ထက်ပါလေ။ ရခိုင်ပြည်သူလူထူအားလုံးက ပါတီနှစ်ခုပေါင်းစည်းဖို့အတွက် လိုလားနေကြတဲ့ အတွက်  ပြည်သူလူအားလုံး၏ သဘောထားကို ကျမတို့က အောက်ခြေအထိသွား နေရတာဖြစ် တဲ့အတွက် သိနေရတယ်။ အခုလို ပေါင်းစည်းဖို့လို့ ထွက်လာတာဟာ ကျမတို့အနေနဲ့ မင်္ဂလာသတင်းလို့ ယူဆပါတယ်။ ကျမတို့ကလည်း ပေါင်းစည်းတာ ပိုပြီးကောင်းတယ်လို့ ယူဆပါတယ်။
———————
ကို ခိုင်ကောင်းစံ (၀ံလက်ဖောင်ဒေးရှင်း ဒါရိုက်တာအဖွဲ့ဝင်)
ဒီလို ပါတီနှစ်ခု ပေါင်းစည်းဖို့ သဘောတူလိုက်တာ ကောင်းပါတယ်။ ပြည်သူတွေလည်း ဒီလိုဖြစ်လာဖို့ အတွက် မျော်လင့်နေကြပါတယ်။ နှစ်ဘက်ရိုးသားပွင့်လင်းဖို့လည်းလိုပါတယ်။ ပါတီနှစ်ခုလုံးက သဘောထားကြီးဖို့ လိုပါတယ်။
—————————————
ကိုမောင်ဆန်း (တောင်ကုတ်မြို့နယ် တန်းလွဲရွာမကျေးရွာ- NLD ပါတီဝင်ဟောင်း)
ဒီသတင်းကို ကြားရတဲ့အတွက် ကျွန်တော်ပြည်သူတစ်ယောက်အနေနဲ့ အတိုင်းမသိဝမ်းသာပါတယ်။ သတင်း ဌာနတွေမှာ ဒီသတင်းကိုတွေ့နေရလို့ ဖော်ပြလို့မရအောင်အထိ ၀မ်းသာပါတယ်။ ဒီလို လည်း ပေါင်းစည်းဖို့ ဖြစ်သင့်တယ်လို့ အရင်ကတည်းက ကျွန်တော်တို့ သဘောထားရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ရခိုင်ပြည် သူတွေ စည်းရုံးဖို့လိုတယ်လို့ပြောနေကြပြီး ပါတီ ၂ ခုဖြစ်နေတဲ့ အနေအထားက မကောင်းပါဘူး။ ဒီသတင်းကို ကြားရလို့ ဘယ်လိုဝမ်းသာတယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ပြောပြလို့မရအောင်အထိ ဖြစ်မိပါတယ်။