Pages

Wednesday, June 12, 2013

ဗုဒ္ဓစွယ်တော်မြတ် ရွှေတိဂုံစေတီတော်သို့ ရောက်ရှိ

 
ရန်ကုန်၊ ဇွန် ၁၂။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသော
ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ပွား သုံးဆူအား လားရှိုးမြို့မှ
တဆင့် ပင့်ဆောင်ခဲ့ရာ ယနေ့ညနေ ၄ နာရီခွဲအချိန်က
ရွှေတိဂုံစေတီတော်သို့ ပင့်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စွယ်တော်မြတ်အား ရွှေတိဂုံဘုရား ရာဟုဒေါင့်ရှိ
ချမ်းသာကြီးတန်ဆောင်းတွင် ယနေ့မှ ၂၀ ရက်နေ့ထိ ယာယီ
နေရာချထား အပူဇော်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းစွယ်တော်ပွား သုံးဆူအား နေပြည်တော်ရှိ ဥပ္ပန္ဒသန္ဒိသုခ
စေတီတော်၊ ရန်ကုန်မြို့တော်ရှိ ရွှေတိဂုံစေတီတော်နှင့် မန္တလေး
မြို့ရှိ မဟာ မြတ်မုနိ ရုပ်ရှင်တော်မြတ် ဘုရားကြီးတို့တွင် စွယ်
တော် တစ်ဆူစီ အပူဇော်ခံထားရှိမည်ဖြစ်ကြောင်း သိရသည်။

ယခု ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် ကျောင်းဆောင်နှင့်
စွယ်တော်တို့မှာ ယွမ် ၆ သောင်းတန်ဖိုး ရှိကြောင်းနှင့် ယာယီ
အပူဇော်ခံ ထားရှိ သည့်နေရာမှ စေတနာသမ္ဘာရတန်ဆောင်းသို့
ပြောင်းရွှေ့၍ အပူဇော်ခံထားရှိမည် ဖြစ်ကြောင်းလည်း သိရသည်။


ဓာတ်ပုံ - ဝေယံ

The Myanma Age