Pages

Saturday, June 15, 2013

လိုသည်ထက်ပို၍ဖော်ချွတ်နေကြတဲ့ အစ္စရေးစစ်သမီးများ

အစ္စရေးစစ်သမီးများသည် ကမ္ဘာအရပ်ရပ်ရှိ တပ်မတော်များ ၏ အမျိုးသမီးစစ်သည်များနှင့် ယှဉ်လျှင် လေ့ကျင့်သားပြည့်ဝမှု၊ ပြင်းထန်သော လေ့ကျင့်ခန်းများ ကို ဆောင်ရွက်နိုင်မှု၊ အပင်ပန်း အဆင်းရဲခံနိုင်မှုများတွင် စံမီသူ များဖြစ်ပြီး၊ အမျိုးသားစစ်မှုထမ်း များနည်းတူ ရင်ဘောင်တန်းနိုင် သူများဖြစ်သည်ဟု သတင်းကြီး သူများဖြစ်သည်။
သို့သော် စစ်သမီးဆောင် (MILITARY BARRACK) များ၌အရပ်ဝတ်စုံမာဖီ (MUFTI) ဖြင့် နေထိုင်ကြရာတွင် လိုသည် ထက်ပို၍ ဖော်ချွတ်ပြီးနေထိုင် ခြင်း၊ မိမိကိုင်ဆောင်ရမည့် လက် နက်ခဲယမ်းများနှင့် ချပ်ဝတ်တန် ဆာ (EQUIPMENTS) များကို ပင် မအပ်မရာနေရာ၌ ချိတ်ဆွဲ မှုများရှိနေကြောင်း ဇွန် ၁၃ ရက် အေပီသတင်းတစ်ရပ်တွင် ဓာတ် ပုံနှင့်တကွ ဖော်ပြထားသည်ကို တွေ့ရသည်။
နိုင်ငံတကာရှိ တပ်မတော် များတွင်လည်း ““စစ်စည်းကမ်း သည် တပ်မတော်၏ ကြောရိုး”” ဖြစ်ကြောင်း သတ်မှတ်ထားကြ သည်။ တပ်မတော်သားများသည် စစ်ဥပဒေ၊ စစ်စည်းကမ်းများကို သာမက၊ နိုင်ငံတော်ကပြဋ္ဌာန်း ထားသည်။ တရားဥပဒေ၊ အက် ဥပဒေ၊ နည်းဥပဒေ၊ ဒေသန္တရ အမိန့်နှင့် ညွှန်ကြားချက်များကို လည်း လိုက်နာကြရသူများဖြစ် သဖြင့် တပ်မတော်သားများသည် စည်းကမ်းလိုက်နာရာ၌ စံပြုထိုက် သူများဖြစ်သည်။ သို့ရာတွင် အစ္စ ရေးစစ်သမီးများ ဤသို့လွတ်လပ် မှုလွန်ကဲနေခြင်းများမှာ သက် ဆိုင်ရာတပ်မတော်၏ ဂုဏ်သတင်း ကို ရိုက်ခတ်လာနိုင်ဖွယ်မရှိပေ ဘူးလားဟု ထောက်ပြထားသည်။

 ကျော်စိန် The Hot News Weekly Journal