Pages

Thursday, June 13, 2013

ဘင်္ဂလာဒေခ်ျ့ စစ်တကောင်းဒေသမှ ဗုဒ္ဓဘာသာဝင်များ ရခိုင်ဘက်သို့ ဆက်လက် ပြောင်းရွှေ့

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်းဒေသမှ ဗုဒ္ဓဘာသာဝင် ရခိုင်မျိုးနွယ်စုများသည်  အမြဲတန်း အခြေချနေထိုင်ရန် အတွက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ ဆက်လက်ပြောင်းရွေ့နေကြသည်ဟု  သိရသည်။
Maungdaw Buddhist temple 
လွန်ခဲသည့်အင်္ဂါနေ့ကလည်း လူပေါင်း ၃၀ ခန့် ရခိုင်ပြည်နယ်မောင်တောဘက်သို့ ပြောင်းရွေ့သွားကြောင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တက်ကနက်မြို့နယ် မြစ်နားရွာရွာသား မျက်မြင် တစ်ဦးက ပြောသည်။
“ ဒီလွန်ခဲ့တဲ့ အင်္ဂါနေ့ မနက် ၉ နာရီကျော်မှာ တစ်ဖွဲ့ မောင်တောဘက်ကို နတ်မြစ်ကို လှေနဲ့ ဖြတ်ကျော် ကူးသွားတယ်။ အဲဒီနေ့ဘဲ ညနေ ၃ နာရီကျော်မှာတဖွဲ့ ဆက်ကူးသွားကြတယ်။ သူတို့အားလုံး ကျွန်တော်တို့ရွာက လှေနဲ့ ကူးသွားကြတယ်” ဟု ဆိုသည်။
သူတို့မှာ စစ်တကောင်းတောင်တန်းဒေသ ဘင်ဒရာဘင်ခရိုင် တန်းဆိပ်မြို့နယ်အတွင်းမှ ကျေးရွာသား များ ဖြစ်ပြီး မိသားစု ၁၀ စုခ န့်ရှိကြောင်း ရခိုင်ပြည်နယ်ဘက်သို့ ပြောင်းရွေ့သူများကို ကူညီလိုက်ပို့ပေးသူ တန်းဆိပ်ဒေသခံ တစ်ဦးက ပြောသည်။
“ အားလုံး မိသား ၁၀ စုခန့်ရှိပါတယ်။ ကျောက်စုရွာက ပါတယ်။ တန်းဆိပ်ကပါတယ်။ ပြီးတော့ ဇီနာပါရာက လူ တွေလည်းပါတယ်။ သူတို့က ဒီဘက်မှာ လုပ်ကိုင်စားသောက်ဖို့အခက်အခဲရှိတယ်။ အရင် သူတို့လုပ် ကိုင် စားသောက်နေတဲ့ နေရာတွေကလည်း အကြောင်းအမျိုးမျိုးကြောင်း ဆုံးရှုံးသွားကြတယ်။ ရခိုင် ပြည် နယ်ကို ပြောင်းရွေ့သွားရင်း မိသားစုစားဝတ်နေရေးအတွက် စားသောက်ရေး အဆင်ပြေမယ်ဆိုတဲ့ မျှော်လင့် ချက် တွေနဲ့ ပြောင်းသွားကြတာဖြစ်ပါတယ်။”
မောင်တော ဗဟိုကျောင်းတွင် ခိုလှုံနေသည့် ဘင်္ဂလာမှ ဒုက္ခမိသားတစ်စု
မောင်တော ဗဟိုကျောင်းတွင် ခိုလှုံနေသည့် ဘင်္ဂလာမှ ဒုက္ခသည်မိသားတစ်စု
ယခုပြောင်းရွေ့သွားသူများမှာ မောင်တောမြို့နယ် ငခူရကျေးရွာတွင် ယာယီတည်းခိုပြီး ယင်းက တစ်ဆင့် မောင်တောမြို့ ဗဟိုကျောင်းသို့ ဆက်လက် ပြောင်းရွှေ့သွားခဲ့ကြသည်ဟု သိရသည်။ သူတို့အား  ဒေသခံများနှင့် ရခိုင်လူမှု အဖွဲ့အစည်းများမှ အကူအညီများ ထောက်ပံ့ပေး နေသည်ဟု ဆိုသည်။
၂၀၁၃ ခုနှစ်ဆန်းပိုင်းမှ စပြီး ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်း ဒေသရှိ ရခိုင်မျိုးနွယ်စုများမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ ပြောင်းရွေ့နေထိုင်လာကြခြင်းဖြစ်သည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ ပြောင်းရွေ့သွားသူများမှာ မောင်တောမြို့နယ်နှင့် ကျောက်တော်မြို့နယ်များတွင် ခိုလှုံ လျှက်ရှိကြပြီး လူဦးရေ အားဖြင့် တစ်ထောင်ကျော်သွားပြီဟု သိရသည်။