Pages

Tuesday, June 4, 2013

အင်းလေးဟော်တယ်ဇုံ စီမံကိန်း အားတားဆီးသူ ခြံပိုင်ရှင် မူလတန်း ကျောင်းအုပ် ရာထူးလျော့ခြခံရ

ရာထူးချခံရသူ မူလတန်း ကျောင်းအုပ်ဆရာ မဒေါ်ခင်ဝင်း
    ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ သလဲဦးကျေးရွာ အုပ်စုတွင် အင်းလေးဒေသ ဟော်တယ်ဇုံ စီမံကိန်းအတွက် လယ်မြေ ခြံမြေ နှင့် ထင်းစိုက်ခင်းများ အပါ  ၆၂၂ဧက သိမ်းယူခဲ့ကြောင်း သိရပါသည်။

ဟော်တယ်ဇုံ စီမံကိန်းအတွက် မြေယာပြုပြင်နေစဉ် သီနှံလျော်ကြေး မယူသော တောင်သူများ အပါ ဒေသခံ အင်းတိုင်ရင်းသား ၁၅၀ ဦးခန့်မှ ကန့်ကွက်တားမြစ်ခဲ့ပြီး အဆိုပါဖြစ်ရပ်နှင့် ပါတ်သက်
၍ ၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလတွင် အင်ကြင်းကုန်း ကျေးရွာနှင့် ကန်ဘဲ့ ကျေးရွာမှ တောင်သူ ၇ ဦးအား ပုဒ်မ ၁၈၈  / ပုဒ်မ ၃၅၃ တို့ဖြင့်တရား စွဲဆိုခဲ့ကြောင်း သိရပါသည်။

တရားစွဲဆိုခံရသော တောင်သူ ၇ ဦးတွင် မူလတန်းကျောင်း အုပ်ဆရာမတဦး ပါဝင်ခဲ့ကြောင်း သိရပြီး မူလတန်း ကျောင်းအုပ်ဆရာ မဒေါ်ခင်ဝင်းအား ရှမ်းပြည်နယ် အစိုးအဖွဲ့၏ (၁၈-၅-၁၃)ရက်စွဲပါ စာအမှတ် -၄၆၀၈/၆-၃၆၄/အစရ (ရှမ်း)အရ (၁-၅-၂၀၁၃)နေ့မှ ရာထူး ခေတ္တချထားကြောင်း ၂၇ ရက်မေလ တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)ပြည်နယ် ပညာရေးညွှန်ကြားရေးမှူးက အမိန့်ထုတ်ပြန်ကြောင်း သိရှိရပါသည်။


သတင်း/ဓာတ်ပုံ - ကိုမိုး -မျိုးဆက်သစ် (ရှမ်းပြည်)

by Myanmar News Now