Pages

Friday, June 14, 2013

ထားဝယ် ထွန်တုံးတိုက်ပွဲ (သို့မဟုတ်)လယ်ထွန်မင်္ဂလာ

 
တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ ကမြောကင်းလမ်းနှင့် ကမ်းနားလမ်းရှိ ၀န်ကြီးများ အိမ်ယာဆောက်လုပ်ပြီး ကျန်နေသော လယ်ကွက်များနှင့် ထားဝယ်အများပို င်ကုမ္ပဏီမှ သိမ်းယူထားသောလယ်ယာမြေအတွင်း ၁၃.၆.၂၀၁၃ ရက်နေ့ နံနက် ၈ နာရီခန့် 
လယ်သမားကြီး ဦးအောင်သန်းစိန် က ထွန်တုံးတိုက်ပွဲ ဆင်နွဲခဲ့ ကြောင်း သတင်းရရှိပါသည်။

အဆိုပါလယ်မြေများမှာ ထားဝယ်အများပို င်ကုမ္ပဏီမှ  သိမ်းလိုက်သည်ဟု လာပြောသော အချိန်ထိ လယ်ယာစိုက်ပျိုး လုပ်ကိုင် စားသောက်နေသော်လည်း နစ်နာကြေး မယူရသေးသော လယ်များ ဖြစ်ကြောင်း သိရပါသည်။

လယ်သမားကြီး ဦးအောင်သန်းစိန် ၏  လယ်ယာမြေများ ဆင်နွဲခဲ့သော ထွန်တုံးတိုက်ပွဲတွင် ထား ၀ယ်လယ်သမား ကွန်ယက်မှ လယ်သမားများ ၀န်းရံမှုဖြင့် လယ်ထွန် မင်္ဂလာကို ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။