Pages

Thursday, June 27, 2013

› မြန်မာ့သတင်း » တင်ဒါအောင်တဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ အသစ်ထွက်လာမယ့် ဥပဒေအတိုင်း ဆောင်ရွက်ရမယ်

 
တင်ဒါအောင်တဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ အသစ်ထွက်လာမယ့် ဥပဒေအတိုင်း ဆောင်ရွက်ရမယ် မနေ့ကတင်ခဲ့တဲ့ ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ အရေးကြီး အဆိုကို ယနေ့ ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာ ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးမြတ်ဟိန်းက ပြည်သူ့လွှတ်တော်မှာ လာရောက် ရှင်းလင်း ဆွေးနွေးချက်တွေ အရ ယနေ့ ကြေငြာမယ့် တင်ဒါ အပါအ၀င် ဆက်သွယ်ရေးရဲ့ လုပ်ဆောင်ချက်တွေကို ယခင် အစီအစဉ် အတိုင်းပဲ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး အစိုးရအဖွဲ့ရဲ့လုပ်ဆောင် ချက်တွေကို လွှတ်တော်က စောင့်ကြည့်သွားမှာ ဖြစ်တယ်။ ဆွေးနွေးလျက်ရှိတဲ့ တင်ဒါအောင်သွားရင် အသစ် ထွက်ရှိလာမယ့် ဆက်သွယ်ရေး ဥပဒေအတိုင်းပဲ ဆောင်ရွက်ရမယ်လို့ သဘောတူညီပြီး လိုက်နာ ကျင့်သုံး ရမယ်လို့ လွှတ်တော်မှာ ဆုံးဖြတ်ကြောင်း Kumudra (facebook) အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်တွင် မြန်မာအစိုးရရဲ့ဝန်ကြီးဌာန MPT နှင့် ရတနာပုံတယ်လီပို့ တို့ ကအော်ပရေတာများအဖြစ် ဆောက်ရွက်နေ ပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်သည့်.. ကုမ္ပဏီများကတော့

၁။ Orange + Marubeni (ပြင်သစ်+ဂျပန်)
၂။ KDDI + Sumitomo+MICTDC+ A1 (ဂျပန်+မြန်မာ)
၃။ Telenor (နော်ဝေ)
၎။ Singtel + Royal Myanmar (KBZ)+M Tel (စင်္ကာပူ+မြန်မာ)
၅။ MTN(Dubai)+ M1+Amara (တောင်အာဖရိက+လက်ဘနွန်+မြန်မာ)
၆။ Bharti Airtel+ Palazio (အိန္ဒိယ+ဆိုက်ပရပ်စ်)
၇။ QTel (Ooredoo) (ကာတာ)
၈။ Viettel (ဗီယက်နမ်)
၉။ Axita Group (မလေးရှား)
၁ဝ။ Millicom (လူဇင်ဘာတ်)
၁၁။ Digicel + Quantum Strategic+ Yoma Strategic (ဂျမေကား)

အော်ပရေတာအဖြစ် လျှောက်ထားသည့် အဆိုပါ ကုမ္ပဏီများမှ ၂ခုကိုသာ မြန်မာအစိုးရက ရွေးချယ် သွားမည်ဖြစ်ပြီး အော်ပရေတာ လိုင်စင် ရရှိသူ ကို ယနေ့ ဇွန်လ ၂၇ရက်နေ့တွင် ကြေညာရန် စီစဉ်ထားခြင်းဖြစ်ပါတယ်။