Pages

Monday, June 17, 2013

မကြာမီတရုတ်သို့ ရေနံနှင့် ဓာတ်ငွေ့များ မြန်မာစတင်ပို့လွှတ်ဖွယ်ရှိ -

 
(The Gulf Today မှ 17 Jun 2013 ရက်စွဲပါ “Myanmar may start pumping oil,gas to China”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည်တစ်ရက်လျှင်အကြမ်းဖျင်း ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိသောရေနံနှင့်ဓာတ်ငွေ့များကို တရုတ်နိုင်ငံ သို့ပိုက်လိုင်းဖြင့်လာမည့်လအနည်းငယ်အတွင်း စတင်ပို့လွှတ်ရန်စီစဉ်နေပါသည်။ တရုတ်နိုင်ငံ၏ကြီးထွားနေသောစီးပွားရေး ကဏ္ဍအတွက်အသက် သွေးကြောသဖွယ် အရေးပါသော စွမ်းအင်ရင်းမြစ်များသည် ရေကြောင်းကြပ်ညှပ် ပိတ်ဆို့နေသော မလက္ကာရေလက်ကြားနှင့် စင်္ကာပူတို့ကို ရှောင်ကွင်းနိုင်တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံကမ်းလွန်မှ ရေနံနှင့်ဓာတ်ငွေ့များကို ရှာဖွေတူးဖော်ရန် စိတ်ဝင်စားနေသော ပြည်ပနိုင်ငံများသည် စီးပွား ဖက်အဖြစ် ဆွေးနွေးရမည့်အစား ဝယ်ယူမည့်ဖောက်သည်အဖြစ် မြန်မာနိုင်ငံနှင့် ညှိနှိုင်းကြရတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံ ၏ ဖောက်သည်ပောာင်းများဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံတို့မှာမူ ယခင်လက်မှတ်ရေးထိုးပြီးသား အရောင်းအဝယ် သဘော တူစာချုပ်ပောာင်းများကို ပြန်လည်ပြင်ဆင်ချုပ်ဆိုထားကြပြီဖြစ်သည်။

တပ်မတော်အစိုးရ လက်ထက်တွင် ဘက်ပေါင်းစုံ ယိုယွင်းပြိုလဲသွားခဲ့သော မြန်မာနိုင်ငံသည် သယံဇာတ ရင်းမြစ် များကြွယ်ဝသော်ငြားလည် နိုင်ငံဖွံ့ဖြိုးရေးအတွက် သယံဇာတများကိုအသုံးချနိုင်စွမ်း အနည်းငယ်သာရှိသည်။ တပ်မတော် အစိုးရ ခေါင်းဆောင်များသည် ပြည်တွင်းထွက်သဘာဝဓာတ်ငွေ့ကို နိုင်ငံစီးပွားရေးဖွံ့ဖြိုးအောင် အသုံးချရမည့်အစား ၎င်းတို့ မက်မောသော နိုင်ငံခြားငွေရရှိအောင် ရောင်းချခဲ့ကြသည်။

အာဏာရှင်အကြီးအကဲ၏ညံ့ဖျင်းသော စီမံခန့်ခွဲမှုများကြောင့် ဒေသတွင်းနိုင်ငံများအကြား ဆိုးဆိုးဝါးဝါးနိမ့်ကျ ကျန် ရစ်ခဲ့သော မြန်မာနိုင်ငံသည် ၂၀၁၃ ဆီးဂိမ်းအိမ်ရှင်တာဝန်နှင့် ၂၀၁၄ အာဆီယံဥက္ကဋ္ဌတာဝန်တို့ကို လက်ခံထားသော်လည်း လူဦးရေသန်း ၆၀ ၏လေးပုံတစ်ပုံ(သို့) နိုင်ငံသားလေးဦးလျှင် တစ်ဦးသာ လျှပ်စစ်မီးသုံးစွဲနိုင်သည့် အဆင့်တွင်ရှိသည်။

နိုင်ငံတကာရေနံကုမ္ပဏီများအနေဖြင့် ကမ်းလွန်ရေနက်ပိုင်းလုပ်ကွက်များတွင် ပြည်တွင်းကုမ္ပဏီနှင့် လက်တွဲရန် မလိုသော်လည်း ရေတိမ်ပိုင်းနှင့် ကုန်းတွင်းလုပ်ကွက်များ၌ ပြည်တွင်းကုမ္ပဏီ(မြန်မာကုမ္ပဏီ)နှင့် လက်တွဲရန် အစိုးရက စည်းကမ်းသတ်မှတ်ထားခြင်းကို ယခုအခါပြန်လည်သုံးသပ်ပြင်ဆင်ရန်လိုကြောင်းနှင့် အရင်းအနှီးကော၊ နည်းပညာပါ နှစ်မျိုး လုံးချို့တဲ့သည့် ပြည်တွင်းကုမ္ပဏီများအားရေနံဓာတ်ငွေ့ကဏ္ဍ၌ အခွင့်ထူးပေးထားခြင်းသည် နောက်ထပ်ခရိုနီနယ်ပယ်သစ် တစ်ခုကို ဖန်တီးရာရောက်ကြောင်း ရန်ကုန်မြို့မှ အကဲခတ်များက မှတ်ချက်ပေးထားသည်။\ -