Pages

Wednesday, June 19, 2013

အမေရိကန်အစိုးရ အာဖဂန်တာလီဘန်တို့နဲ့ တိုက်ရိုက် ဆွေးနွေးမည်

အာဖဂန်အခြေစိုက် တာလီဘန်ရုံး ပြောခွင့်ရပုဂ္ဂိုလ် Muhammad Naeem (ဘယ်) (၁၈ ဇွန် ၂၀၁၃)
အာဖဂန်အခြေစိုက် တာလီဘန်ရုံး ပြောခွင့်ရပုဂ္ဂိုလ် Muhammad Naeem (ဘယ်) (၁၈ ဇွန် ၂၀၁၃)
အာဖဂန်နိုင်ငံမှာ ဆယ်စုနှစ် တစ်ခုကျော်ကြာ စစ်ပွဲကို အဆုံးသတ်နိုင်မယ့် ဘောင်တစ်ခု ချမှတ်နိုင်ဖို့ လုပ်ဆောင်တဲ့အနေနဲ့ ဒီသီတင်းပတ်ကုန်ပိုင်းမှာ တာလီဘန်တို့နဲ့ တရားဝင် ညှိနှိုင်းဆွေးနွေးဖို့ အမေရိကန်ပြည်ထောင်စုက စီစဉ်ထားပါတယ်။

ဆွေးနွေးပွဲကို ကာတာနိုင်ငံ Doha မြို့တော်မှာ ကြာသပတေးနေ့ကျရင် စတင်ကျင်းပမယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ ပဏာမပြောဆိုမှု ဖြစ်တယ်လို့ အာဏာပိုင်တွေပြောတဲ့ ဆွေးနွေးပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ အိမ်ဖြူတော် အဆင့်မြင့်အရာရှိတွေက တာလီဘန် ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

အိုင်ယာလန်မြောက်ပိုင်းမှာ ကျင်းပနေတဲ့ G8 ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်သမ္မတက ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပြောတော့ ဒီဆွေးနွေးပွဲဟာ ပထမဆုံး အစောပိုင်း ခြေလှမ်းဖြစ်တယ်။ လမ်းတလျှောက် ခလုတ်ကသင်း အများကြီး တွေ့ရလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သတိပေးသွားပါတယ်။

Doha ဆွေးနွေးပွဲရဲ့ အစောပိုင်းပြောဆိုမှုတွေမှာ အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) ရဲ့ အစိုးရ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကြသပတေးနေ့ ဆွေးနွေးပွဲတွေကနေ တာလီဘန်နဲ့ သမ္မတ ခါဇိုင်း ထူထောင်ပေးထားတဲ့ ငြိမ်းချမ်းရေးကောင်စီကြား ဆွေးနွေးပွဲ ဖြစ်ပေါ်လာစေဖို့ ခန့်မှန်းထားတယ်လို့ အရာရှိတွေက ပြောပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)