Pages

Tuesday, June 4, 2013

ILO မှ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ထားဝယ်တွင် ပြုလုပ်

လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပြုလုပ်နေစဉ်
လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပြုလုပ်နေစဉ်
 တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းသာ(၂) မင်္ဂလာခမ်းမတွင်အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) မှ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ဆိုင်ရာ အကြောင်းအရာများနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအားသိရှိစေရန် ရည်ရွယ်၍ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ယနေ့ နေ့လည် (၁)နာရီတွင် ကျင်းပပြုလုပ်သွားခဲ့သည်။
ထိုဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဝန်ကြီးချုပ်၊ လယ်-ဆည်ဝန်ကြီး၊ တောင်သူလယ်သမားအစည်းအရုံး၊ ထားဝယ်မြို့ ရှိ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ ရက်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရေဖြူမြို့နယ် နဘုလယ်ဒေသဘက်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သရက်ချောင်းမြို့နယ်မှ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ကျေးရွာဥက္ကဌများ၊ အခြားတက်ကြွလှုပ်ရှားစိတ်ဝင်စားသူများ စုစုပေါင်း လူဦးရေ ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြောင်း သိရသည်။
နည်းပညာပိုင်းဆိုင်ရာ အကြံပေးအရာရှိ (ILO) မှ ရော့(စ်)၀ီလ်စန် ကြိုဆိုနှုတ်ဆက်စကားပြောကြားပြီး ကိုမိုးမင်းသော် (project Assistant) ILO ရန်ကုန်မှ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းမှုအကြောင်းကို ဆွေးနွေးသွားခဲ့ပါသည်။ ပြီးနောက် ရော့(စ်)၀ီလ်စန်မှ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းမှုနှင့် အလုပ်သမားဥပဒေ၊ မိတ်ဖက်ဖွံ့ဖြိုးရေးအကြောင်းကို ဆက်လက်ဆွေးနွေးသွားခဲ့ပြီး တက်ရောက်လာသူများမှ အမေးခွန်းများကို မေးမြန်းခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြရာ အခမ်းအနားကို ညနေ (၄း၃၀) နာရီတွင် ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။
ထားဝယ်လူထုအသံ