Pages

Sunday, June 23, 2013

KIA မှ ဖမ်းဆီးထားသည့် လူငယ်များအား မိဘများမှ ငွေနှင့်လဲယူနေရ



ဇွန်လ ၂၃ ရက် ၂၀၁၃

ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ်အတွင်းရှိ KIA တပ်မဟာ(၃)ဌာနချုပ်တွင် ဖမ်းဆီးထားသော လူငယ်များအား ဇွန်လ (၂၁)ရက်နေ့တွင် မိဘများမှ တရုတ်ငွေဖြင့် ပြန်လည်လဲယူခဲ့ရကြောင်း သိရသည်။

ဇွန်လ ၁၆ ရက်နေ့တွင် ကောင်းဆာရွာမှ ဖမ်းဆီးသွားခဲ့သော လူငယ်များနှင့် ပတ်သက်ပြီး ရွာခံတစ်ဦးမှ

``ရွာကနေ ဖမ်းသွားတာ စုစုပေါင်း လူငယ် ၅ ဦးပါ၊ ယောင်္ကျားလေး ၄ ဦးနဲ့ မိန်းခလေး ၁ ဦးပါ၊ သူတို့အားလုံးက ရွာမှာ လယ်လုပ် နေကြတဲ့ လူငယ်တွေပါ၊ အခုမိုးရာသီ လယ်လုပ်တဲ့အချိန်ဆိုတော့ မိဘတွေက သူတို့ သားသမီးတွေ လိုနေပြီလေ၊ လယ်တွေစိုက်မှ စားစရာအဆင်ပြေမယ်လေ ´´ ဟု ပြောပြခဲ့ပါသည်။

KIA မှ ဖမ်းဆီးထားသော လူငယ် ၅ ဦး၏ မိဘများမှ ဇွန်လ ၂၁ ရက်နေ့တွင် တပ်မဟာ(၃) တာဝန်ခံအရာရှိထံတွင် တစ်ဦးလျှင် ယွမ်(တရုတ်ငွေ) ၁၅၀၀ နှုန်းဖြင့် ၅ ဦး စုစုပေါင်း ယွမ်(၇၅၀၀)ဖြင့် လဲယူခဲ့ရကြောင်း သိရသည်။
Kachin Daily News
Photo.. Internet