Pages

Tuesday, June 11, 2013

Miss World ပြိုင်ပွဲမှာ Bikini ဝတ်ဆင်ယှဉ်ပြိုင်မှု တားမြစ်

 
အားလုံး အံ့အားသင့်စေမယ့် သတင်းတစ်ပုဒ်ကို Miss World အလှမယ် ပြိုင်ပွဲရဲ့ ပွဲစီစဉ်သူတွေက ကြေညာခဲ့ပါတယ်။ စက်တင်ဘာလ အတွင်း အင်ဒိုနီးရှား နိုင်ငံ၊ ဘာလီမှာ ကျင်းပမယ့် Miss World ပြိုင်ပွဲဝင် အလှမယ်တွေကို စတိတ်စင်ပေါ်မှာ ရေကူးဝတ်စုံ ဝတ်ပြီး ရှိုးလျှောက်ဖို့ လုံးဝတားမြစ်ထားပါတယ်။ မူဆလင် လူမျိုး အများစု တွေနေထိုင်တဲ့ အင်ဒိုနီးရှား နိုင်ငံမှာ သူတို့နဲ့ သဘောထား ကွဲလွဲမှု တွေ မဖြစ်စေလိုတဲ့ အတွက် အခုလို တားမြစ် ထားတာပါလို့ Miss World အလှမယ်ပွဲ စီစဉ်ရေး ဥက္ကဋ္ဌ ဂျူလီယာမော်လီက ပြောပါ တယ်။ ဒါ့အပြင် သူမက ပြိုင်ပွဲ အေးအေးချမ်းချမ်း ကျင်းပနိုင်ဖို့ အတွက် အခုလို ဆုံးဖြတ်ခဲ့ကြောင်း ဆိုပါတယ်။ ဘာသာရေး အယူဝါဒ ပြင်းထန် သူများက လေဒီဂါဂါကို မကောင်းဆိုးဝါး သံတမန် ဟုခေါ်ဆို ဆန့်ကျင်ခဲ့သောကြောင့် ဂျကာတာ မြို့မှာ ကျင်းပမယ့် လေဒီဂါဂါရဲ့ ဖျော်ဖြေပွဲကို ဖျက်သိမ်း ခဲ့ရပါတယ်။
http://popularmyanmar.com/
Ref; E! Online