Pages

Wednesday, June 26, 2013

မြန်မာပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ် (MMWF) မှ သင်္ဘောသားများနေ့ အခမ်းအနားကျင်းပ

 
ဇွန်လ ၂၅ ရက် နေ့  ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်း  ကောင်းကင်နန်းသာ ဆိုင်တွင် သင်္ဘောသားများနေ့ အခမ်းအနားအား ကျင်းပခဲ့သည်။ ကမ္ဘာအရပ်ရပ်တွင် လည်း သင်္ဘောသားများနေ့ဟုသတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း  အခမ်းအနားများ ကျင်း ပ ခဲ့ကြသလို  မြန်မာနိုင်ငံတွင်လည်း မြန်မာပင်လယ်ရေကြောင်း အလုပ်သမားများ အဖွဲ့ချုပ်မှ သင်္ဘောသားများနေ့ အခမ်းအနားအားကျင်းပခဲ့ခြင်းဖြစ်သည်။ မြန်မာပင်လယ်ရေကြောင်းအလုပ်သမားများအဖွဲ့ ချုပ် အတွင်းရေးမှူးဦးတင်ကိုကိုသက်မှ “၂၀၁၂ ခုနှစ် တွင် ပထမအကြိမ် စတင်ကျင်းပခဲ့ပြီး ထိုစဉ်က တရားဝင် ရပ်တည်နိုင်ရေးအတွက် စည်းရုံး လှုပ်ရှားခဲ့ပြီး  ယခုနှစ် မှသာ တရားဝင်အဖွဲ့ချုပ် မှတ်ပုံတင်ကျပြီး ပထမဦးဆုံး သင်္ဘောသား နေ့  အဖြစ်လုပ်တာပါ။ ကမ္ဘာ အရပ်ရပ်တွင် သင်္ဘောသားတို့၏ စွန့်လွတ် အနစ်နာခံ တာဝန်ထမ်းဆောင်နေမှုကို လေးစား သောအားဖြင့် သင်္ဘောသားနေ့ကို ဂုဏ်ပြုကျင်းပခြင်း ဖြစ်သလို မြန်မာပင်လယ်ရေကြောင်း အလုပ်သမားများ အဖွဲ့ချုပ်သည် သင်္ဘောသားများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ချုပ်ဖြစ်သည့်အတွက် ကမ္ဘာအရပ်ရပ်ရှိ သင်္ဘော သားတို့နှင့် အတူ ဇွန်လ ၂၅ ရက်နေ့တွင် အခမ်းအနားကို ကျင်းပခြင်းဖြစ်ပါတယ်” ဟုပြောပြခဲ့ပါသည်။
အခမ်းအနားတွင်  မြန်မာပင်လယ်ရေကြောင်း အလုပ်သမားများ အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးချစ်ကိုကို မှ စတင်ဖွင့်လှစ်စကားပြောကြားပြီးတက်ရောက်လာ ကြသော သင်္ဘောသား လူသစ် လူဟောင်းများ မှငှင်းတို့ ၏ အတွေ့ အကြုံ ခံစားချက်များကိုပြောကြားသွားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရေကြောင်းဆိုင်ရာတာဝန်ရှိသူများ၊သင်္ဘောသား အရာရှိများ၊အခြားအဆင့် သင်္ဘော သားလူဟောင်း လူသစ်များနှင့်အတူ စာနယ်ဇင်း သမားများ တက်ရောက်ခဲ့ကြပါသည်။

ရန်နိုင်The Hot News Weekly