Pages

Sunday, July 28, 2013

အင်တာနက်တွင် ပျံ့နေသော လက်နက်ကိုင် စစ်သင်တန်း ဓါတ်ပုံများမှာ ဘင်္ဂလာဒေခ်ျ့မြေပေါ်တွင် မဟုတ်

 Rohingya-Mujahideen
ယခုတလော အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ဝင်များ  သင်တန်း တက်နေသော ဓါတ်ပုံများမှာ ဘင်္ဂလာဒေခ်ျ့ မြေပေါ်တွင် သင်တန်း လုပ်နေသော ဓါတ်ပုံများ မဟုတ်ကြောင်း  ဘင်္ဂလာ ထောက်လှမ်းရေးနှင့် နီးစပ်သော သတင်းရပ်ကွက် အရ သိရသည်။
“ ဒီဓါတ်ပုံတွေကို သုံးပြီး ၀ါဒဖြန့်နေတာသာ ဖြစ်ပါတယ်။ ဘင်္ဂလာဒေခ်ျ့ မြေပေါ်မှာ ဒီလို မြန်မာဘက်က အဖွဲ့အစည်းမျိုးတွေ မရှိပါဘူး” ဟု ဆိုသည်။
အဆိုပါ ဓါတ်ပုံများကို ARRAHMAH.Com  တွင် များမကြာမှီက ဖေါ်ပြခဲ့သည်။
အလားတူ  ဇူလိုင်လ ၁၁ ရက်နေ့ထုတ်  အင်ဒိုနီးရှားနိုင်ငံထုတ် Jakarta Post သတင်းစာကလည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေကို နှိပ်စက်သတ်ဖြတ်မှုတွေကို တန်ပြန်ဖို့အတွက် ရိုဟင်ဂျာ မွတ်စလင် ၃ဝဝ လောက်ကို ရခိုင်ပြည်နယ်တွင်းမှာ စစ်သင်တန်း ပို့ချပေးနေကြောင်း ဖော်ပြခဲ့သည်။
ရခိုင်ပြည်နယ် အတွင်းတွင်လည်း မည့်သည့် အကြမ်းဖက် လက်နက်ကိုင် အဖွဲ့မှ သင်တန်းပို့ချ၍ မရှိကြောင်းနှင့် ဘင်္ဂလာဒေခ်ျ့ နယ်ထဲတွင်လည်း ထိုကဲ့သို့ ခေတ်မှီ လက်နက်များဖြင့် သင်တန်းတက်၍ မရှိကြောင်း အဆိုပါ သတင်း ရပ်ကွက်က ဆိုသည်။
Rohingya-Mujahideen2
ဒေသအတွင်းကလာသော သတင်းများကို စုံစမ်းပြီး ပြောဆိုရာတွင် မြန်မာဘက်မှ မွတ်ဆလင် လက်နက်ကိုင် အဖွဲ့တစ်ခုသာ လူအင်အား အနည်းငယ်ဖြင့် မြန်မာနယ်စပ် ဘင်္ဂလာဒေခ်ျ့ ဘက်ခြမ်းတွင် လူပ်ရှားနေပြီး စုစုပေါင်း အင်အား (၆၀) ခန့်ရှိသည်ဟု ဆိုသည်။ တချို့ အဖွဲ့များမှာ အဖွဲ့ငယ်များ အဖြစ်ကွဲထွက်သွားပြီး ထိုအထဲတွင် တချို့မှာ လုံးဝ ပြိုကွဲ ပျက်စီးသွားပြီဟု ဆိုသည်။ သို့သော်လည်း အဖွဲ့အစည်း တချို့၏ ခေါင်းဆောင်များမှာ ထိုကဲ့သို့ အင်အားကောင်းသော အဖွဲ့အစည်းမျိုး ဖြစ်လာစေရန် ကြိုးပမ်း အားထုတ်မူများ ရှိနေသည်ဟု ပြောဆိုသည်။ ARRAHMAH.Com တွင် ဖေါ်ပြထားသော လက်နက်ကိုင် အကြမ်းဖက်အဖွဲ့မှာ ဘင်္ဂလာမြေပေါ်တွင် လူပ်ရှားနေသော အဖွဲ့အစည်း မဟုတ်ဘဲ အင်ဒိုနီးရှား အာရှေးပြည်နယ် (သို့မဟုတ်) အခြား ဒေသ တစ်ခုခုမှ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ တစ်ခုသာ ဖြစ်နိုင်ကြောင်း ဆက်လက် ပြောဆိုသည်။ လက်ရှိ အခြေအနေတွင် မြန်မာဘက်ကရော ဘင်္ဂလာဒေခ်ျ့ ဘက်ကပါ သူတို့နိုင်ငံ၏ နယ်စပ်ကို အနီးကပ် စောင့်ကြည့်မူများ ရှိနေသည်ဟု သိရသည်။
 နိရဉ္စရာ