Pages

Friday, July 19, 2013

၆၆ နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားများ ထားဝယ်တွင်ကျင်းပ






၆၆ နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားများကို ယနေ့ နံနက်ပိုင်းက
ထားဝယ်မြို့ တွင်ကျင်းပခဲ့သည်။အဆိုပါအခမ်းအနားများကို ထားဝယ်ဒေသရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ၈၈ မျိုးဆက်ထားဝယ်ကျောင်းသားများ၊ထားဝယ်ခရိုင်
ကျောင်းသားသမဂ္ဂများ၊လူမှုအခြေပြုအဖွဲ့အစည်းများက ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်
သည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)











သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
==================================
ဓာတ်ပုံ -MNN
ဒီကနေ့ ကျရောက်သော အာဇာနည်နေ့၌ ထားဝယ်မြို့ အာဇာနည်လမ်းပေါ်ရှိ ဗိုလ်ချုပ်ကြေးရုပ် အရှေ့၌ ၁၀း၃၀ နာရီခန့်တွင် NLD အဖွဲ့ဝင်များ၊ ၈၈မျိုးဆက် ကျောင်းသားများ။ ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ၊ ထားလယ်သမားများ ကွန်ရက်အဖွဲ့ဝင်များ၊ ထားဝယ်လူ့အခွင့်အရေး စောင့်ကြည့်မှု ကွန်ရက်အဖွဲ့ဝင်များ။ CSOအဖွဲ့ဝင်များနှင့် ပြည်သူလူထု(၁၀၀) ခန့် တက်ရောက် အလေးပြုကြပြီး (၁၀း၃၇)နာရီခန့်တွင် တစ်မီနှစ်ခန့် ငြိမ်သက်စွာ ရပ်ကာ ဂါရ၀ပြုကြသည်။ သည့်နောက်ထားဝယ်ဆေးရုံကြီး အောက်စီဂျင်စက် ဖြစ်မြောက်ရေး အတွက် ထားဝယ်လူ့အခွင့်အရေးစောင့်ကြည့်မှု ကွန်ရက်နှင့် လယ်သမားများ ကွန်ရက်တို့က အာဇာနည်ကြီးများအား ရည်စူးကာအလှူငွေ(၉၀၀၀၀၀)ကျပ် ကိုသွားရောက် လှူဒါန်းခဲ့ကြသည်။ ထားဝယ်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂနှင့် ၈၈မျိုးဆက် ကျောင်းသားများသည် ပခုက္ကူကျောင်းရှိ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ဘကကျောင်းသားများအတွက် ထောက်ပံ့လှူဒါန်ခြင်း ထားဝယ်ကြယ်စင်လင်း လူငယ်တစ်စုမှလည်း ရွှေဂူကျောင်းဆရာတော်အား ၀ါဆိုသင်္ကန်း ကပ်လှူခြင်းနှင့်ဆွမ်းကြွေးခြင်းများကို ကျင်းပကြသည်။(၁၀း၃၇)နာရီတွင် phone ringtone ဖြင့် ဥသြဆွဲခြင်းကိုလည်းပြုလုပ်ခဲ့ကြသည်။
 by Myanmar News Now