Pages

Wednesday, July 17, 2013

အာဇာနည်ခေါင်းဆောင်ကြီးများကို အလေး အမြတ်ပြုရာတွင် ပြည်သူအားလုံးပါဝင်ရန်ဟံသာဝတီ ဦးဝင်းတင်တိုက်တွန်း

 0
ဇူလိုင်၁၉ရက်နေ့တွင်ကျရောက် မည့် (၆၆)နှစ်မြောက်အာဇာနည် နေ့၌ပြည်သူလူထုအားလုံးအာဇာနည်ခေါင်းဆောင်ကြီးများကိုအလေး အမြတ်ပြုရာတွင်လှုပ်ရှားပါဝင်ကြ ရန်ဟံသာဝတီဦးဝင်းတင်ကတိုက် တွန်းပြောကြားလိုက်သည်။
ဇူလိုင်၁၂ရက်နေ့ကတော်ဝင် နှင်းဆီ၌ပြုလုပ်သောဟံသာဝတီ ဦးဝင်တင်ဖောင်ဒေးရှင်းကနိုင်ငံ ရေးအကျဉ်းသားဟောင်းများသို့ ထောက်ပံ့ခြင်း အခမ်းအနား အပြီးတွင်မီဒီယာများ၏မေးမြန်း ချက်ကိုဖြေကြားရာ၌အဆိုပါအတိုင်း ထည့်သွင်းတိုက်တွန်းပြောကြားခဲ့ ခြင်းဖြစ်သည်။
““အာဇာနည်ခေါင်းဆောင် ကြီးတွေကျဆုံးတဲ့မနက်၁၀နာရီ ၃၇မိနစ်မှာဥသြဆွဲကြပါ။ဥသြမရှိ ရင်လဲကြေးစည်ရှိရင်ကြေးမည်တီး ပါ။မောင်းရှိရင်မောင်းတီးပါ။ဘာ မှမရှိရင်လဲမိမိတို့မှာရှိတဲ့တူရိယာ ပစ္စည်းတွေကိုတီးခတ်ပြီးတော့လူ ထုကိုယ်တိုင်ကနေပြီးပါဝင်လှုပ်ရှား မှုကိုဖြစ်စေချင်ပါတယ်””ဟုဟံသာ ၀တီဦးဝင်းတင်မှပြောကြားခဲ့ပါ သည်။
အာဇာနည်နေ့တွင်သမ္မတဦး သိန်းစိန်ဦးဆောင်သောအစိုးရ  အဖွဲ့အသံလွင့်ဌာနများ၊စက်ရုံ အလုပ်ရုံများ၊လူပုဂိ္ဂုလ်အဖွဲ့စည်း များကလဲအလေးအမြတ်ပြုရာတွင် ပါဝင်ရန်လိုအပ်ကြောင်းဦးဝင်းတင်  ကဆိုသည်။
““မော်တော်ကားနဲ့သွားတဲ့လူပဲ ဖြစ်ဖြစ်။လမ်းပေါ်လျှောက်တဲ့လူ ပဲဖြစ်ဖြစ်။နှစ်မိနှစ်လောက်ရပ် လိုက်ရလို့ဘာမှအရေးမကြီးဘူးလို့ ယူဆပါတယ်။လူတစ်ယောက်နှစ် ယောက်အဆင်မပြေဘူးဆိုတဲ့  အကြောင်းပြချက်နဲ့အမျိုးသားရေး တစ်ခုလုံးကိုဆောင်ရွက်ခဲ့တဲ့အာ ဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရ၀ပြုတဲ့ကိစ္စကိုမထိခိုက်စေချင်ပါဘူး””ဟု၎င်းကပြောကြားခဲ့သည်။
အာဇာနည်နေ့တွင်အာဇာနည် ခေါင်းကြီးများကိုအလေးအမြတ် ပြုသောအားဖြင့်လွန်ခဲ့သောနှစ် (၂၀)ကျော်ခန့်ကကဲ့သို့ဥသြဆွဲခြင်း ပြုလုပ်ရန်အစီအစဉ်ရှိမရှိလွတ်တော် တွင်မေးမြန်းခဲ့ရာယာဉ်ကြောရပ် တန့်ပိတ်ဆိုနိုင်မည့်အချက်အပါ အ၀င်အကြောင်းပြချက်အချို့ဖြင့် ဥသြဆွဲရန်မဖြစ်နိုင်ကြောင်းတာဝန်  ရှိသူကဖြေကြားခဲ့သည်။

ကျော်မာဃThe Hot News