Pages
(Move to ...)
Reference Exchange Rate ( မြန်မာငွေ လဲနှုန်း)
မြန်မာနိုင်ငံမြို့ကြီးများ၏နေ့စဉ်မိုးလေ၀သ
MRTV
Live Show
MRTV 4
mntv
5 Plus
SKY NET
Channel 7
▼
မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်နှင့် ငွေရေးကြေးရေး ကုမ္ပဏီ ၃၄ ခု ကိုယ်စားလှယ်ရုံးခွဲများဖွင့်
မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့်ပြုထားသည့်
နိုင်ငံခြား ဘဏ်နှင့် ငွေရေးကြေးရေးကုမ္ပဏီ စုစုပေါင်း ၃၄ ခုရှိကြောင်း မြန်
မာနိုင်ငံတော် ဗဟိုဘဏ်၏ ဇူလိုင်လကုန်ထိ စာရင်းများအရ သိရသည်။
အဆိုပါ ကုမ္ပဏီအချို့မှာ လုပ်ငန်းများ စတင်လုပ်ကိုင်နေကြပြီး အချို့မှာ
ဈေးကွက်အခြေအနေ စောင့်ကြည့် လေ့လာနေဆဲဖြစ်ကာ ပြည်တွင်းကုမ္ပဏီများဖြင့်
ပူးပေါင်း လုပ်ကိုင်နေကြခြင်း များလည်း ရှိကြောင်း ဘဏ်လုပ်ငန်း
အသိုင်းအဝိုင်းထံမှ သိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်
ခွင့်ပြုစာရင်းတွင် Standard Chartered Bank၊ Sumitomo Mitsui Banking
Corporation, The Bank of Tokyo-Mitsubishi UFJ, Ltd., AEON Credit Service
Company, Export-Import Bank of India, Siam Commercial Bank Public
Company Ltd. စသော နိုင်ငံတကာ ငွေကြေးလုပ်ငန်းများ ပါဝင်သည်။
ဂျပန်ငွေကြေးလုပ်ငန်း AEON Credit Service Company က အိမ်သုံးပစ္စည်းများကို
အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်စေ ရန် ငွေချေးပေးသောလုပ် ငန်း ဆောင်ရွက်နေပြီး
Sumitomo Mitsui Banking Corporation သည် KDDI နှင့် ပူးပေါင်း၍
ဆက်သွယ်ရေးတင်ဒါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ “တိုင်းပြည်
ပွင့်လင်းလာတာရယ်၊ ၂၀၁၅ မှာ စတော့အိတ်ချိန်းစဖို့ ပြင်လာ တာရယ်ကြောင့်
တောက်လျှောက် ဝင်လာတာပါ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ
ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။
ပြည်တွင်းတွင် ပုဂ္ဂလိကဘဏ်လုပ်ငန်း ၂၂ ခုနှင့် ဘဏ်ခွဲ ၅၈၁ ခု၊
မြန်မာ့စီးပွားရေးဘဏ်၊ နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့်
ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ် စသော အစိုးရပိုင်
ဘဏ်လုပ်ငန်းလေးခုမှ ဘဏ်ခွဲပေါင်း ၅၀၅ ခု ဖွင့်လှစ်ထားကြောင်း ဗဟိုဘဏ်က
ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။ The Voice Weekly