Pages

Monday, August 19, 2013

ထားဝယ်တက္ကသိုလ် ကာယအလှမယ်ပြိုင်ပွဲ ဆုချီးမြှင့်




သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
ထားဝယ်တက္ကသိုလ်ကာယအလှမယ်ပြိုင်ပွဲကိုယနေ့မွန်းလွဲပိုင်းတွင်ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ဒုတိယနေ့အဖြစ်ဆက်လက်ကျင်းပရာဆုရရှိသူများကိုတနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်အားပေးသည်။
ဆုရရှိသူများကိုတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး၏ဇနီးဒေါ်မူယာဆွေဆွေသွင်၊
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ဇနီးဒေါက်တာယဉ်ယဉ်ထွန်းနှင့်
စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန၀န်ကြီး၏ဇနီးဒေါ်နီနီလွင်တို့ကဆုများချီးမြှင့်ခဲ့သည်။
ယနေ့ကျင်းပသည့် ကာယအလှမယ်ပြိုင်ပွဲတွင် 
ပထမဆုကိုသမိုင်းအထူးပြုကျောင်းသူမဆွေဆွေအောင်၊
ဒုတိယဆုကိုမြန်မာစာအထူးပြုကျောင်းသူမအိအိဖြူနှင့် 
တတိယဆုကိုသတ္တဗေဒအထူးပြုကျောင်းသူမသီမာလွင်တို့ကအသီးသီးရရှိခဲ့ကြသည်။
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)