Pages

Friday, August 2, 2013

ထားဝယ်မိုး

ထားဝယ်-မြိတ် ကားလမ်း (ပေါက်တိုင်းချောင်းတံတားအနီး)

Friday, Augest 02, 2013

တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် အတွင်းရှိ ဒေသအနှံ့အပြားတွင် ပြီးခဲ့သည့်ရက်များက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ခရိုင်အတွင်းရှိ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ ထားဝယ်မြို့နယ်ရှိ နေရာအများအပြားတွင် ရေလွှမ်းမိုးခြင်း ခံနေရပြီး နယ်ဘက်ကျေးရွာ အချို့တွင် ရေနစ်မှုကြောင့် ဆုံးရှုံးမှုများ ရှိခဲ့ကာ ကျောင်းများလည်း ပိတ်ထားရပြီး အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၃၁ ရက်က ထားဝယ်-ရေး လမ်းမပေါ်ရှိ ကလိန်အောင်မြို့တွင် ပိတ်မိနေခဲ့သော ခရီးသည်ကားများမှာ ဖြတ်သန်းသွားလာနိုင်ခြင်း မပြုနိုင်သဖြင့် သောင်တင်နေခဲ့ပြီး ခရီးသည် အချို့မှာ ကလိန်အောင်မြို့မှ တဆင့် ရေး-ထားဝယ် မီးရထားဖြင့် ထားဝယ်မြို့သို့ လိုက်ပါလာခဲ့ကြောင်း သိရသည်။

''မနေ့က ကျွန်တော်တို့ ကလိန်အောင်ကို ရောက်ပြီး လမ်းရေကျော်နေလို့ ကားတွေ ဆက်သွားမရပဲ ပိတ်မိနေခဲ့ပါတယ်။ ညနေ လေးနာရီရောက်တော့ ရေး-ထားဝယ် ရထားရှိတယ်လို့ သိရတော့ ရထားဘူတာရှိတဲ့ ကံပေါက်(ဂန့်ကော်တောင်) ဘူတာကို သွားစောင့်ပြီး ည ၁၀ နာရီလောက်မှာ ထားဝယ်ကို ထွက်လာခဲ့ပါတယ်'' ဟု ရန်ကုန်မှ ထားဝယ်မြိုသို့ ပြန်လာသည့် ခရီးသည် တစ်ဦးက ပြောကြားသည်။

အဆိုပါ ကျိုးကျခဲ့သော ၅၂ မိုင်တံတားကို ယာယီပြန်လည် ပြုပြင်ထားပြီး ကုန်ကားများကို ဖြတ်သန်းခွင့် မပြုဘဲ ခရီးသည်တင် ကားများကို ခရီးသည်များ အောက်ချ၍ ဖြတ်သန်းခွင့် ပြုနေကြောင်း အဝေးပြေး ယာဉ်လိုင်များထံမှ သိရှိရသည်။ ထားဝယ်မြို့တွင် ဇူလိုင်လအတွင်း မိုးရေချိန်လက်မ ၇၀ ဒသမ ၅၉ လက်မ ရွာသွန်းခဲ့ပြီး ထားဝယ် မြစ်ဖျားပိုင်းတွင် မိုးသည်းထန် ခဲ့မှုကြောင့် မြစ်အတွင်း ရေများလျှံတက် လာခြင်းဖြစ်ကြောင်း သိရသည်။ (Eleven Media Group)
ဓာတ်ပုံ-ဖိုးဇော်

ဓာတ်ပုံ-ဖိုးဇော်(၃၁-ရ-၂၀၁၃)ရက်နေ့ (ပုံမှာယမန်နေ့ကကျောက်မော်နှင့်ပေါက်တိုင်းတံတားအကြား ထန်းပင်တန်း၌ ကုန်တင်ကားတစ်စီးလမ်းချော်
နေသည်ကိုတွေ့ရစဉ်။)


ထားဝယ်မြစ်ရေတိုးမှုအခြေအနေကိုသြဂုတ် (၁)ရက်နေ့ မွန်းလွဲ ၃ နာရီက ကမျောကင်းတံတားပေါ်မှတွေ့ရစဉ်။ လတ်တလော ထားဝယ်၏မိုးလေ၀သအခြေအနေမှာ မိုးတိတ်နေသော်လည်း လမ်းပိုင်းအချို့တွင်ရေကျော်နေဆဲဖြစ်သည်။ထားဝယ်- ရေးကားလမ်းပေါ်ရှိ
ကလိန်အောင်တွင် နှစ်ရက်ကျော်မျှရပ်နားထားရသော အဝေးပြေးယာဉ်များ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့သို့ ၀င်ရောက်နိုင်ခဲ့ပြီဖြစ်သော်လည်း ၅၂ မိုင်အနီးတွင်
တံတားနှင့်လမ်းပိုင်းဆိုင်ရာပျက်စီးမှုကြောင့်ရပ်နားစောင့်ဆိုင်းနေရသည့်ယာဉ်များ
ရှိနေသေးကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

======================================
ယနေ့ သြဂုတ် ၂ရက်နေ့ နံနက်စောစောအချိန်ကတည်းက ကောင်းကင်တစ်ပြင်လုံးအုံ့မှိုင်းနေပြီး
မိုးပြန်ရွာနေပါသည်။