Pages

Monday, August 5, 2013

မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းကာ မော်လမြိုင်-မဲဆောက်-ဘန်ကောက် လေယာဉ် ခရီးစဉ်များ စက်တင်ဘာ ၁ ရက်တွင် ပြေးဆွဲမည်

8.5.2

 မွန်ပြည်နယ် အစိုးရနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းကာ မော်လမြိုင်-မဲဆောက်-ဘန်ကောက် လေယာဉ်ရီးစဉ်များ စက်တင်ဘာ ၁ ရက်တွင် စတင်ပျံသန်း ပြေးဆွဲရန် ဆောင်ရွက်လျက် ရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေး ၀န်ကြီး ဦးတိုးတိုးအောင်က ပြောကြားသည်။
ယခုနှစ်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံအား အဓိကနိုင်ငံ အဖြစ် သတ်မှတ်ထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
''အဓိကကတော့ ထိုင်းခရီးသွား အဖွဲ့တွေနဲ့ ဆွေးနွေးနေတယ်။ လေကြောင်း ခရီးစဉ်ကို စက်တင်ဘာ ၁ ရက်မှာ စတင်နိုင်အောင် ဆောင်ရွက်နေပါတယ်'' ဟု မွန်ပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးတိုးတိုးအောင်၏ ပြောကြားချက်အရ သိရသည်။ မည်သည့် လေကြောင်းလိုင်းဖြင့် ပြေးဆွဲမည်ကိုမူ အတည်မပြု နိုင်သေးကြောင်း သိရသည်။

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအား တိုးချဲ့လုပ်ကိုင်မည် ဖြစ်သော မွန်ပြည်နယ်တွင် ကျိုက်ထီးရိုးဘုရား၊ ဘီလူးကျွန်း၊ ကျိုက္ခမီ ရေလယ်ဘုရား၊ စက်စဲကမ်းခြေစ ခန်းနှင့် သံဖြူဇရပ် စစ်သင်္ချိုင်းတို့ ရှိနေပြီး ယခင်နှစ်များ တွင်လည်း နိုင်ငံခြားသား ခရီးသွား ဧည့်သည် လာရောက်မှုနှုန်းမှာ တိုးတက်ခဲ့...


၂၀၁၃ ခုနှစ် သြဂုတ် ၁ ရက်က ''မြန်မာလုပ်သားထု ဖွံ့ဖြိုတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ'' ကို ကျင်းပခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသော တိုင်းဒေသကြီး အများစုမှ ၀န်ကြီးများ အနေဖြင့် ခရီးသွား လုပ်ငန်းနှင့် သက်ဆိုင်သော လုပ်ငန်းဆိုင်ရာများကို လာမည့်နှစ်များအတွင်း တိုးမြှင့်လုပ်ဆောင်မှုများ ရှိမည် ဖြစ်ကြောင်းလည်း မိန့်ခွန်းများအတွင်း ထည့်သွင်း ပြောကြားချက်များအရ သိရသည်။
ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအား တိုးချဲ့လုပ်ကိုင်မည် ဖြစ်သော မွန်ပြည်နယ်တွင် ကျိုက်ထီးရိုးဘုရား၊ ဘီလူးကျွန်း၊ ကျိုက္ခမီ ရေလယ်ဘုရား၊ စက်စဲကမ်းခြေစ ခန်းနှင့် သံဖြူဇရပ် စစ်သင်္ချိုင်းတို့ ရှိနေပြီး ယခင်နှစ်များ တွင်လည်း နိုင်ငံခြားသား ခရီးသွား ဧည့်သည် လာရောက်မှုနှုန်းမှာ တိုးတက်ခဲ့ကြောင်း သိရသည်။
လူဦးရေ သုံးသန်းကျော် ရှိနေသော မွန်ပြည်နယ်မှာ ရာဘာ၊ ဆန်တို့အား အဓိက စိုက်ပျိုးပြီး သတ္တု၊ ခဲမဖြူနှင့် ဂရက်နိုက်တို့ အများအပြား ထွက်ရှိရာဒေသ ဖြစ်နေသော်လည်း ပြည်နယ်လူဦးရေ၏ ငါးပုံတစ်ပုံ ကျော်မှာ ဆင်းရဲမှု စာရင်းတွင် ပါဝင်နေကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Eleven