Pages

Monday, August 19, 2013

ရွှေပြည်သာစက်မှုဇုံရှိ M.W.D.C မှ ရခိုင် အမျိုးသမီး အလုပ်သမား ၄၉ ဦး အလုပ်မှ ထုတ်ပယ်ခံရ

 DSCN0378
ရွှေပြည်သာစက်မှုဇုံရှိ Myanmar Winery & Distillery Co, Ltd တွင် လုပ်ကိုင်နေသော ရခိုင် အမျိုးသမီး အလုပ်သမား ၄၉ ဦး အလုပ်မှ ထုတ်ပယ်ခံရသည်ဟု သတင်း ရရှိသည်။
အလုပ်မှ ထုတ်ခံရခြင်းမှာ အဆိုပါ စက်ရုံတွင် အလုပ်လုပ်နေသော မဖြူဖြူစိုး အသက်(၁၇) ၏ အသုဘကို ခွင့်မရဘဲ လိုက်ပို့သဖြင့် ဖြစ်သည်ဟု သိရသည်။
မဖြူဖြူစိုးသည် ယခုလ ၁၁ရက်နေ့က  ရုတ်တရက် သေဆုံးသွားခဲ့သည်။ ၁၅ ရက်နေ့တွင် သဂြိုလ်မည့် မဖြူဖြူစိုး၏ နာရေးအား လိုက်ပို့ရန် တစ်ရက်ကြိုတင်ပြီး နေ့တစ်ဝက်ခန့် ခွင့်ပေးရန် သြဂတ်စ်လ ၁၃ ရက်နေ့က ခွင်တိုင်ကြားရာ စက်ရုံမှ လက်မခံခဲ့ဟု ဆိုသည်။
သို့သော်လည်း  စက်ရုံ အလုပ်သမားများမှာ ထိုနာရေးအား ကိုယ်အသိဖြင့်ကိုယ် လိုက်ပါ ပို့ဆောင်ပေးခဲ့ကြပြီး နောက်တစ်နေ့  သြဂတ်စ်လ ၁၆ ရက်နေ့ စက်ရုံသို့ အလုပ်ဆင်းရာ စက်ရုံက အလုပ်ဆင်းခွင့် မပေးခဲ့ကြောင်း ရခိုင်အမျိုးသမီး အလုပ်သမားများက နိရဉ္စရာသို့ ပြောသည်။
“ ကျွန်မတို့ကို စက်ရုံက  အလုပ်က ထုတ်ပယ်ထားတာကို မသိရှိတဲ့ အတွက် သြဂတ်စ်လ (၁၆) ရက်နေ့က အလုပ်ဆင်းဖို့ စက်ရုံကို သွားပါတယ်။ စက်ရုံကိုရောက်မှ ကျွန်မတို့  အသုဘ လိုက်ပို့တဲ့ အလုပ်သမ ၄၉ ဦးကို အလုပ်က ထုတ်ပယ်ထားတာကို သိရပါတယ်” ဟု အလုပ်မှ ထုတ်ပယ် ခံထားရသူ မချိုချိုဝင်းက ပြောသည်။
နိရဉ္စရာ