Pages
(Move to ...)
Reference Exchange Rate ( မြန်မာငွေ လဲနှုန်း)
မြန်မာနိုင်ငံမြို့ကြီးများ၏နေ့စဉ်မိုးလေ၀သ
MRTV
Live Show
MRTV 4
mntv
5 Plus
SKY NET
Channel 7
▼
Friday, August 2, 2013
Weather News Update(ဒေါက်တာ ထွန်းလွင် )
2-8-2013
မုတ်သုံမိုး ယာယီ အားလျော့သွားနိုင်ပေမယ့် တိုင်ဖွန်းမုန်တိုင်း JEBI ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေကတော့ ဒီတစ်ခါ မြန်မာပြည်မြောက်ပိုင်း နဲ့ အလယ်ပိုင်းကို ဖြတ်ကျော်ဖို့ရှိနေပါတယ်။
(၁) (၁-၈-၂၀၁၃)ရက် ညသန်းကောင်ယံအချိန် အာရှတောင်ပိုင်းဒေသများ တွင် ဒေသတွင်းဖြစ်ပေါ်နေတဲ့ ရာသီဥတု ဖြစ်စဉ်တွေကတော့ အိန္ဒိယနိုင်ငံ အလယ်ပိုင်း၊ မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသ
နဲ့ တရုတ်နိုင်ငံအလယ်ပိုင်း တို့မှာ ရေကြီးမှုဘေးကြုံတွေ့နိုင်တဲ့ အန္တရာယ်တွေ မြင့်မားနေပါတယ်။ တောင် တရုတ်ပင်လယ်ပြင်အတွင်းမှာလည်း ဆိုငဖွန်းမုန်တိုင်း JEBI ဗီယက်နမ်မှ တစ်ဆင့် မြန်မာနိုင်ငံမြောက်ပိုင်းကိုလာ
ဖို့ ခရီးနှင်နေပါတယ်။ 93W ကတော့
နောက်ထပ် ပစိဖိတ်အနောက်ပိုင်းမှာဖြစ်နေတ
ဲ့ မုန်တိုင်းတစ် လုံးဖြစ်ပြီးတော့ မြန်မာနိုင်ငံအတွက်တော့အရေးမကြီ
း တော့ပါဘူး။
(၂) (၁-၈-၂၀၁၃)ရက် ညသန်းကောင်ယံအချိန် နာဆာဂြိုဟ်တုများမှ တိုးတာချက်အရ ရေဖုံးလွှမ်းမှုဘေး ကြုံတွေ့နေရတဲ့ဒေသများ ကတော့ ရခိုင်ပြည်နယ်အလယ်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ မွန်ပြည်နယ်တောင်ပိုင်း နဲ့ တနင်္သာရီတိုင်းဒေသအချို့တို့ဖြစ်
ကြပါတယ်။ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းတို့မှာလည်း အန္တရာယ်တွေ စတွေ့လာနေရပြီဖြစ်ပါတယ်။
(၃) (၁-၈-၂၀၁၃)ရက် ညသန်းကောင်ယံအချိန် နာဆာဂြိုဟ်တုများမှ တိုးတာချက်အရ (၂၄)နာရီအတွင်း မိုးရေချိန် ၃၅ မမ (၁.၄ လက်မ) နဲ့အထက် မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့ ဒေသတွေကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဧရာဝတီတိုင်းအနောက်မြောက်ပိုင်း
ပဲခူးတိုင်း အနောက်ခြမ်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ် နဲ့ကရင်ပြည်နယ် ဒေသအချို့ နဲ တနင်္သာရိတိုင်းအလယ်ပိုင်း တို့ဖြစ်ကြပါတယ်။
(၄) မြောက်ပစိဖိတ်သမုဒ္ဒယာအနောက်ပို
င်းတွင် ၂၀၁၃ ခုနှစ်အတွင်း (၉)ကြိမ်မြောက်ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်း JEBI ဟာ (၃-၈-၁၃)ရက်နေ့ညနေပိုင်းမှာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို
ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် (၄-၈-၁၃) ညနေပိုင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်း နဲ့ အလယ်ပိုင်းဒေသအချို့ ကို ဖြတ်ကျော် သွားမယ်လို့ ခန့်မှန်း ထားပါတယ်။ ဒါဟာ မိုးလိုနေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေ သ တွေအဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်လာနို
င်ပါတယ်။ ပြောရရင်တော့ ဒီနှစ်အတွင်းမြန်မာနိုင်ငံအလယ်ပ
ိုင်း ဒေသများ အနီးကို ရောက်ရှိလာနှိုင်တဲ့ အရှေ့လေပွေလှိုင်းဟာ ဒီနှစ်အတွင်း ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။
လိုရင်းပြောရရင်တော့ မိုး နဲ့ ရေ ဆက်လက် သတိထားဖို့ လိုနေပါသေးတယ်။
ဒေါက်တာထွန်းလွင် (MCCW)
‹
›
Home
View web version