Pages

Sunday, September 29, 2013

လယ်တီသိမ်ကို ထိန်းသိမ်းဖို့ ချီတက်လမ်းလျှောက် သူတွေ စစ်ကိုင်းအ၀င်မှာ တားဆီးပြီ



အမရပူရမြို့နယ်ကနေ လက်ပတောင်းအထိ ချီတက်လမ်းလျှောက်လာတဲ့ လယ်တီ ဆရာတော်ဘုရားကြီး သိမ်နဲ့စေတီ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး အင်းအားစုတွေကို စစ်ကိုင်းအ၀င်မှာ တားဆီးပြီ
လက်ပတောင်းတောင်ဒေသ လယ်တီဆရာတော်ဘုရားကြီး သိမ်နဲ့စေတီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အင်းအားစုများက မန္တလေးမြို့ ငွေငါးကျောင်းတိုက်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး စုံစမ်းရေး ကော်မရှင် တင်ပြချက်တွေနဲ့ သံဃာတော်တွေရဲ့ ၀ိနည်းတော် လုပ်ထုံး... လုပ်နည်းများအတိုင်း ထိန်းသိမ်းပေးဖို့ စက်တင်ဘာ ၂၉ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ သတင်းစာရှင်းလင်းပွဲ အပြီးမှာ လမ်လျှောက်ချီတက်ပွဲကိုလဲ စတင်ပြုလုပ်နေပါတယ်။

သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ


အမရပူရမြို့နယ်ကနေ စတင်ချီတက်လမ်းလျှောက်လာနေတဲ့ လက်ပတောင်းဒေသ လယ်တီဆရာတော်ဘုရားကြီး သိမ်နဲ့စေတီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အင်းအားစုတွေကို စစ်ကိုင်းအ၀င်မှာ စောင့်ကြိုနေသူများကို တွေ့ရစဉ်။DVB TV News