Pages

Friday, September 20, 2013

စင်ကာပူ ထိပ်တန်းခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည်

 
မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စင်္ကာပူနိုင်ငံမှ ထိပ်တန်းခေါင်းဆောင်များနှင့် စက်တင်ဘာ ၂၀ ရက်တွင် စင်ကာပူနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်မည့် ခရီးစဉ်အတွင်း တွေ့ဆုံမည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့သော စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များဖြစ်ကြသော သမ္မတ Tony Tan Keng Yam, ၀န်ကြီးချုပ် Hsien Loong, ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီးချုပ် ဂိုချောက်ထောင်၊ လွှတ်တော်ဥက္ကဋ္ဌ Halimah Yacob နှင့် နိုင်ငံခြားရေး ဒု-၀န်ကြီး Grace Fu တို့နှင့် တွေ့ဆုံသွားရန် ရှိသည်ဟု ဖော်ပြထားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စင်ကာပူနိုင်ငံ ထိပ်သီးအစည်းအဝေး (Singapore Summit) နှင့် စင်ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ်တို့တွင် မိန့်ခွန်းများ ပြောကြားသွားမည်ဖြစ်သည်။ ယခုခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူနိုင်ငံသို့ သွားရောက်သည့် ပထမဆုံး ခရီးစဉ်တစ်ခုလည်း ဖြစ်သည်။

အောင်မင်း - Mizzima - News in Burmese