Pages

Monday, September 16, 2013

၂၄နာရီအတွင်း ပြည်၊ဟင်္သာတ၊ဇလွန်နဲ့ ငသိုင်းချောင်းမြို့တွေ ရေကြီးမည်



အခုအချိန်ကနေ နောက် ၂၄နာရီအတွင်း ပြည်၊ ဟင်္သာတ၊ ဇလွန်နဲ့ ငသိုင်းချောင်း မြို့တွေမှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ပေလောက်ထိ ရေတက်နိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သဌာနက သတိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။

မနလေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ ဧရာဝတီမြစ်ရေတက်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်၊ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မိုးလေ၀သဌာန၊ညွှန်ကြားရေးမှုး ဦးချစ်ကျော်ကို
ဆက်သွယ်ေ မးကြည့်တော့ အခုအချိန်ဟာ မြန်မာနိုင်ငံရဲ့ တတိယအကြိမ် ရေကြီးကာလဖြစ်တယ်၊ စက်တင်ဘာ ၂၁ရက် နောက်ပိုင်းကျမှ ရေပြန်ကျသွားနိုင်တယ်လို့ ပြောပါတယ်။
DVB