Pages

Tuesday, September 24, 2013

သူရ ဦးရွှေမန်းနဲ့ မစ္စယင်လတ်တို့ ထားဝယ်စီမံကိန်းကိစ္စ ဆွေးနွေး

ထိုင်းနိုင်ငံကို ၅ ရက်တာ အလည်အပတ် ခရီးရောက်နေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းဟာ မနေ့ကတော့ ထိုင်းဝန်ကြီးချုပ် မစ္စ ယင်လတ် ရှင်နာဝပ်နဲ့ တွေ့ဆုံပြီး ထားဝယ်အထူး စီးပွားရေးဇုံကိစ္စ ဆွေးနွေးကြတယ်လို့ သိရပါတယ်။ 


 ဓာတ်ပုံ- Bangkok post~~

ထိုင်း နိုင်ငံ အစိုးရ အိမ်တော်မှာ တွေ့ဆုံမှုမှာ ထားဝယ်စီးပွားရေးဇုံ စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်သွားကြဖို့ သူရ ဦးရွှေမန်းနဲ့ မစ္စယင်လတ်တို့ သဘောတူကြတဲ့အကြောင်း ယနေ့ နေ့စွဲနဲ့ ဘန်ကောက်ပို့စ် သတင်းတပုဒ် က ဖော်ပြပါတယ်။ 

ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ်က ထားဝယ်အထူးစီးပွားရေးဇုံမှာ အခြေခံ အဆောက်အအုံကဏ္ဍ၊ စွမ်းအင် နဲ့ ရေ ကဏ္ဍ အစရှိတာတွေနဲ့ပတ်သက်ပြီး ပြောကြားတယ်လို့လည်း ဆိုပါတယ်။ 


“ဒီစီမံကိန်း ရှေ့ဆက် တိုးပြီး ဆောင်ရွက်ဖို့ မြန်မာ- ထိုင်း ၂ နိုင်ငံ အတူလက်တွဲ လုပ်ဆောင်သွားကြမယ်။ ပြီးတော့ ထားဝယ် ရေနက် ဆိပ်ကမ်းက ပေါ်ထွက်လာမယ့် အကျိုးအမြတ်တွေနဲ့ပတ်သက်ပြီးလည်း လူထုတွေကို အသိပေး သွားရမှာပါ” လို့ မစ္စယင်လတ်က ဘန်ကောက်ပို့စ်ကို ပြောထားပါတယ်။ 
ဧရာဝတီ blog